ထိုင်းနိုင်ငံ ချင်းမိုင်ရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ ကပ်ရောဂါကူးစက်ခံရ

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ ဇူလိုင်လ ၁ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ coronavirus ကူးစက်ခံရသူ ၁၁၃၈ ဦး ရှိပြီး ဒီထဲက ၃ဝ ရာခိုင်နှုန်းလောက်က မြန်မာတွေ ဖြစ်တယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမား အရေး ဆောင်ရွက်ပေးနေတဲ့ Map Foundation က ပြောခွင့်ရသူ နန်းလှယုန်က ပြောပါတယ်။

ဇူလိုင်လ ၈ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကိုဗစ်-၁၉ ရှိ-မရှိ စစ်ဆေးပေးနေတဲ့ နေရာတစ်ခု။ File Photo/ AFP

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ ဇူလိုင်လ ၁ ရက်နေ့ကနေ ၂၇ ရက်နေ့ထိ coronavirus ကူးစက်ခံရသူ ၁၁၃၈ ဦး ရှိပြီး ဒီထဲက ၃ဝ ရာခိုင်နှုန်းလောက်က မြန်မာတွေ ဖြစ်တယ်လို့ မြန်မာရွှေ့ပြောင်းအလုပ်သမား အရေး ဆောင်ရွက်ပေးနေတဲ့ Map Foundation က ပြောခွင့်ရသူ နန်းလှယုန်က ပြောပါတယ်။

ချင်းမိုင်မြို့ မောန်(Muang) ၊ ဆာရဖီ(Saraphee)ဒေသက ဆောက်လုပ်ရေးလုပ်ငန်းခွင်၊ မဲရိမ်(Mea Rim)ဒေသက စိုက်ခင်းနဲ့ ဟန်ဒုန်(hangdong)ဒေသက စက်ရုံတရုံမှာ ကူးစက်နှုန်းထိန်းဖို့ ဇူလိုင်လဆန်းကတည်းက အသွားအလာ ကန့်သတ်ထားတယ်လို့လည်း ပြောပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ နေထိုင်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင် သုံးခုမှာ အသွားအလာ ကန့်သတ်ထားပြီး ကိုဗစ်ရောဂါ ကူးစက်ခံရသူတွေကိုလည်း ဆေးဝါးကုသပေးနေပါတယ်။

ဒါပေမဲ့ ရောဂါကူးစက်တဲ့ အခြေအနေ ဆိုးဝါးလာရင် အလုပ်လက်မဲ့ ဖြစ်လာပြီး စားဝတ်နေရေး ခက်ခဲလာမှာကို စိုးရိမ်နေတယ်လို့ Map Foundation က နန်းလှယုန်က ပြောပါတယ်။

ချင်းမိုင်မြို့မှာ တရားဝင်မှတ်ပုံတင်ထားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ခုနှစ်သောင်းကျော်ရှိပေမယ့် ၂ဝ၂၁ ခုနှစ် မတ်လမှာ မှတ်ပုံတင်ခွင့်ရတဲ့အတွက် အခုဆိုရင် မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်သိန်းလေးသောင်း ရှိတယ်လို့ပြောပါတယ်။

ဇူလိုင်လ ၂၈ ရက်နေ့က ချင်းမိုင်မြို့မှာ ကိုဗစ်ကူးစက်ခံရသူ လူနာသစ် ၆၉ ဦး ရှိခဲ့ပြီး ထိုင်းတနိုင်ငံလုံးမှာ ၁၆၅၃၃ ဦး၊ သေဆုံးသူ ၁၃၃ ဦး ရှိပါတယ်။ ဧပြီလ ၁ ရက်နေ့ကနေ အခုထိ ထိုင်းတနိုင်ငံလုံး ကိုဗစ်ကူးစက်ခံရသူပေါင်း ၅၁၄၄၉၈ ဦး ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org