သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် ရန်ကုန်မြို့မှာ စတင်ဖွဲ့စည်း

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ကြိုးပမ်းမှု ကိစ္စရပ်တွေမှာ ပါဝင်ကူညီပေးနိုင်ဖို့ အတွက် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ကို လူမှုအဖွဲ့အစည်းတွေနဲ့ နာမည်ကြီး ကဗျာဆရာ၊ စားရေးဆရာတွေ ဦးဆောင်ပြီး ရန်ကုန်မြို့မှာ ဒီကနေ့ ဖွဲ့စည်းတည်ထောင်လိုက်ပါတယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းပုံ Photo: Internet

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကြိုးပမ်းမှု ကိစ္စရပ်တွေမှာ ပါဝင်ကူညီပေးနိုင်ဖို့အတွက် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့ကို လူမှုအဖွဲ့အစည်းတွေနဲ့ နာမည်ကြီး ကဗျာဆရာ၊ စားရေးဆရာတွေ ဦးဆောင်ပြီး ရန်ကုန်မြို့မှာ ဒီကနေ့ ဖွဲ့စည်းတည်ထောင်လိုက်ပါတယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေး အယူအဆအတိုင်း ကူညီပေးသွားမယ်လို့ အဲ့ဒီကွန်ရက်မှာ ပါဝင်တဲ့ စာရေးဆရာ ဦးအံ့မောင်က RFAကို ပြောပါတယ်။

"ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက် ယာယီအဖွဲ့ကို ဖွဲ့ကြပါတယ်၊ ကျနော်တို့ဟာ တိုင်းပြည်မှာ လိုအပ်နေတဲ့ ငြိမ်းချမ်းရေးကိစ္စကို ဆရာကြီးသခင် ကိုယ်တော်မှိုင်းရဲ့ မူအတိုင်း သူမနာ ကိုယ်မနာ နှစ်ဦးနှစ်ဖက် မနာအောင်နည်းကို ရှာကြံဆောင်ရွက်ကြပါမယ်"

ဒီကွန်ရက်ကို ကဗျာဆရာကြီး ဒဂုန်တာရာ၊ ကဗျာဆရာ အင်းဝဂုဏ်ရည် ဦးကိုလေး၊ ဝါးခယ်မ သခင်သိန်းမောင် စတဲ့ လူပုဂ္ဂိုလ်(၁၀)ဦးခန့်နဲ့ စတင်ဖွဲ့စည်းတာဖြစ်ပြီး မြန်မာနိုင်ငံ ဒေသအနံှအပြားမှာ ထပ်မံဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org