ပီနန်ဆရာတော်ရဲ့ ပေးစာ သက်သေခံအဖြစ် စစ်ဆေးမည်

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်က မဟာသန္တိသုခကျောင်းတိုက်ပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ အမှုအတွက် အရင် က ကျောင်းထိုင်ဆရာတော်ဖြစ်တဲ့ ပီနန်ဆရာတော် က နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ထံ ပေးပို့တဲ့စာကို သက်သေခံစာအဖြစ် လက်ခံစစ်ဆေးဖို့ ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

အင်္ဂလန် ဆရာတော် ဦးဥတ္တရ ပုံကိုတွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်က မဟာသန္တိ သုခကျောင်းတိုက်ပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ အမှုအတွက် အရင်က ကျောင်းထိုင်ဆရာတော်ဖြစ်တဲ့ ပီနန်ဆရာတော်က နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့ထံ ပေးပို့တဲ့စာကို သက်သေခံစာအဖြစ် လက်ခံ စစ်ဆေးဖို့ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

လာမယ့် စက်တင်ဘာလ ၁၂ ရက်နေ့မှာ တာမွေ မြို့နယ်တရားရုံးမှာ အဲဒီပေးစာကို တင်သွင်းပြီး အမှုကိုစစ်ဆေးမှာဖြစ်တယ်လို့ ရန်ကုန်အရှေ့ ပိုင်းခရိုင်တရားရုံး ဆုံးဖြတ်ချက်ကို ကြားနာခဲ့တဲ့ လန်ဒန်ဆရာတော် ဦးဥတ္တရက မိန့်ပါတယ်။

အဲ့ဒီစာဟာ ပီနန်ဆရာတော်ကို ပြီးခဲ့တဲ့ မတ်လကုန်မှာ ကျောင်းတိုက်ကနေ ထွက်ခွာဖို့ မဟနက အကြောင်းကြားတဲ့စာအပေါ် ပီနန်ဆရာတော်က မထွက်ခွာနိုင်ကြောင်း ပြန်လည်ပေးပို့တဲ့စာ ဖြစ်တယ်လို့ သိရပါတယ်။

မဟာသန္တိသုခကျောင်းတိုက်မှာ သီတင်းသုံးခဲ့တဲ့ လန်ဒန်ဆရာတော် ဦးဥတ္တရနဲ့ သံဃာ ၄ ပါးကို ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ညက သာသနာရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့က ဖမ်းဆီးထိန်းသိမ်းပြီး သာသနာတော်ညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

ပီနန်ဆရာတော်က မဟန နဲ့ နိုင်ငံတော်သမ္မတထံ ပေးပို့ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၁၈ ရက်နေ့က တာမွေမြို့နယ်တရားရုံးထံ တင်သွင်းခဲ့ပေမယ့် တရားရုံးက လက်မခံခဲ့တဲ့အတွက် ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးကို တင်သွင်းခဲ့ရာမှာ မဟနထံ ပေးပို့တဲ့စာကို သက်သေခံအဖြစ် လက်ခံလိုက်တာဖြစ်ပါတယ်။

လန်ဒန်ဆရာတော် ဦးဥတ္တရကို RFA သတင်းထောက် မရတနာဦး လျှောက်ထားမေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org