သံတွဲပဋိပက္ခအပြီး လူ (၆၀) နီးပါး ဖမ်းဆီးစစ်ဆေးနေ

ပြီးခဲ့တဲ့ သီတင်းပတ်၊ အောက်တိုဘာလ ၁ ရက်နေ့က ရခိုင်ပြည်နယ် သံတွဲမြို့ မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေ မှာ နေအိမ်မီးရှို့ တိုက်ခိုက်မှုတွေထဲ ပါဝင်တယ်လို့ သံသယရှိသူ ၅၈ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်၊ အောက်တိုဘာလ ၁ ရက်နေ့က ရခိုင်ပြည်နယ်သံတွဲမြို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေမှာ နေအိမ်မီးရှို့ တိုက်ခိုက်မှုတွေထဲ ပါဝင်တယ်လို့ သံသယရှိသူ  ၅၈ ဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

လက်ရှိ ဖမ်းဆီးစစ်ဆေးနေတာနဲ့ ပတ်သက်ပြီး သံတွဲခရိုင် ဒုရဲမှူး ဦးကျော်တင့်က RFA ကို ခုလို ပြောပါတယ်။

" ၅၈ ဦးက ၁၃ ယောက်နှုတ်လိုက်ရင် ကျန်တာ ရခိုင်ပါ၊ ၁၃ ယောက်က ကမန်ပါ၊ အခုအမှုက စစ်ဆေးလို့ ပေါ်ပေါက်ရင်တော့ ဖမ်းဖို့ ရှိမှာပေါ့"

ပြီးခဲ့တဲ့ စက်တင်ဘာလ (၂၉) ရက်နေ့ ညပိုင်းကစတင်ပြီး အောက်တိုဘာလ (၁)ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့တိုက်ခိုက်မှုတွေကြောင့် ရခိုင်ပြည်နယ် သံတွဲမြို့အပါအဝင် ပေါက်တော၊ သပြေချိုင်နဲ့ ရွှေလှေကျေးရွာတွေမှာ နေအိမ် (၁၀၀) ကျော် မီးလောင် ပျက်စီးခဲ့ရပြီး လူ (၄၅၀) နီးပါး ဒုက္ခသည်တွေအဖြစ် ယာယီခိုလှုံနေကြရပါတယ်။

ဒီပဋိပက္ခအတွင်း လူ (၅) ဦး သေဆုံးခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီအတောအတွင်း သံတွဲမြို့မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ အဖြေရှာရေးအတွက် RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌ ဒေါက်တာအေးမောင် ဦးဆောင်တဲ့ လွှတ်တော်အမတ် ၄ ဦးအဖွဲ့တို့ ရောက်ရှိနေသလို၊ ဦးကိုကိုကြီး ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဝင်တချို့လည်း ရောက်ရှိနေပါတယ်။

ဒေါက်တာအေးမောင်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဦးကိုကိုကြီးကို RFA သတင်းထောက် မဇင်မာဝင်း ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org