မြိတ်မြို့ ကမ္ဘောဇဘဏ်မှာ ဓားထောက်လုယက်မှု နာရီပိုင်းအတွင်း ဖမ်းမိ

တနင်္သာရီတိုင်း မြိတ်မြို့ နောက်လယ်ရပ်ကွက်က ကမ္ဘောဇဘဏ်မှာ ဒီနေ့ လူတစ်ဦးက ဓားထောက်ငွေလုယက်မှု ဖြစ်ပွားခဲ့ပြီး၊ ၂ နာရီအကြာမှာပဲ အဲဒီလူကို ဖမ်းမိခဲ့ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ နောက်လယ်ရပ်ကွက်က ကမ္ဘောဇဘဏ်ကို တွေ့ရစဉ် Photo: Zin Moe - facebook

တနင်္သာရီတိုင်း မြိတ်မြို့ နောက်လယ်ရပ်ကွက်က ကမ္ဘောဇဘဏ်မှာ ဒီနေ့ လူတစ်ဦးက ဓားထောက် ငွေလုယက်မှုဖြစ်ပွားခဲ့ပြီး ၂ နာရီအကြာမှာပဲ အဲဒီလူကို ဖမ်းမိခဲ့ပါတယ်။

ဘဏ်ထဲကို လူတစ်ဦးဝင်လာပြီး ဓားကိုထုတ်ကာ ငွေကျပ် ၅ သိန်း လုခဲ့တာလို့ မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးအေးမင်းက RFA ကို ပြောပါတယ်။

“ဘဏ်ထဲကို သူကဒီအတိုင်းပဲ ဓားက အနက်ရောင်အင်္ကျီနဲ့ပတ်ပြီး ဝင်လာတယ်၊ အထဲရောက်မှ ဓားကိုထုတ်ပြီး ၅ သိန်း ဓားပြလုသွားတာ ၁ နာရီ ၅၅ မိနစ်မှာ ဖမ်းမိတယ်”

ဒီနေ့ နေ့လည်တစ်နာရီမှာတော့ မြိတ်မြို့ ယောကြီးဝချောင်း တောလှေဆိပ် တံတားရှေ့မှာ အဲဒီလူကို ဖမ်းဆီးမိခဲ့ပြီး သူ့ကို လုယက်မှုနဲ့ အမှုဖွင့်ထားတယ်လို့ ဦးအေးမင်းက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကလည်း မြိတ်မြို့ ကန်ဖျားလမ်းမှာရှိတဲ့ ကမ္ဘောဇဘဏ်မှာ သေနတ်ကိုင်လူတစ်ဦးက ငွေကျပ်သိန်း ၃၅ဝ ကို ဓားပြတိုက်ခဲ့ပြီး ဒီနေ့အချိန်ထိ မဖမ်းမိသေးဘူးလို့ သိရပါတယ်။

မြိတ်မြို့မှာ ဆိုင်ကယ်နဲ့ ပိုက်ဆံအိပ်လုတာ၊ ဆိုင်ကယ်ခိုးတာတွေ အဖြစ်များနေပြီး နေထိုင်ရတာ လုံခြုံမှုမရှိဘူးလို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org