ငြိမ်းချမ်းရေး ဟောပြောဆွေးနွေးပွဲတွေ ခွင့်ပြုချက်ရမှကျင်းပရမည်

တနင်္သာရီတိုင်းဒေသကြီးအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ အခမ်းအနားတွေ၊ ဟောပြောပွဲတွေ ကျင်းပမယ်ဆိုရင် အစိုးရအဖွဲ့ရုံးကို ခွင့်ပြုချက်ကြိုတင်ပြီး ခွင့်ပြုမှသာ ဆောင်ရွက်ဖို့ တနင်္သာရီတိုင်းအစိုးရအဖွဲ့က စာထုတ်ညွှန်ကြားလိုက်ပါတယ်။

တနင်္သာရီတိုင်းမှာ အခမ်းအနားတွေကျင်းပရင် ခွင့်ပြုမိန့်တင်ဖို့ စာထုတ်ထားတာကို တွေ့ရစဉ် .

တနင်္သာရီတိုင်းဒေသကြီးအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ အခမ်းအနားတွေ၊ ဟောပြောပွဲတွေ ကျင်းပမယ်ဆိုရင် အစိုးရအဖွဲ့ရုံးကို ခွင့်ပြုချက်ကြိုတင်ပြီး ခွင့်ပြုမှသာ ဆောင်ရွက်ဖို့ တနင်္သာရီတိုင်းအစိုးရအဖွဲ့က စာထုတ်ညွှန်ကြားလိုက်ပါတယ်။

အခုလို ညွှန်ကြားရတာဟာ အရပ်ဖက်အဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေ ကျင်းပတဲ့ အခမ်းအနားပွဲတွေကနေ ပြည်သူလူထု နားလည်မှုလွဲစေမယ့် အပြုအမူ အပြောအဆိုတွေ  ဖြစ်ပေါ်စေနိုင်တာကြောင့် အခုလို ပွဲမကျင်းပခင်မှာ  ခွင့်ပြုချက်တင်ခိုင်းတာ ဖြစ်တယ်လို့ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဟိုပင်က ပြောပါတယ်။

အစိုးရအဖွဲ့က ထုတ်ပြန်ထားတဲ့ ညွှန်ကြားစာမှာ အသင်းအဖွဲ့ NGO၊ INGO တွေအနေနဲ့ ပွဲကျင်းပပြုလုပ်မယ့် ရက်မတိုင်မီ ဒေသအာဏာပိုင်တွေတွေဆီကို ၁၀ ရက်ကြို တင်ပြဖို့နဲ့ အဲဒီအာဏာပိုင်တွေကတော့ အစိုးရအဖွဲ့ရုံးကို ၇ ရက် ကြိုတင်ရမှာဖြစ်တယ်လို့ ပါရှိပါတယ်။

တနင်္သာရီတိုင်းအတွင်းက အရပ်ဖက်အဖွဲ့အစည်းတချို့ကတော့ တိုင်းအစိုးရအဖွဲ့က အခုလို ညွှန်ကြားချက် ထုတ်လိုက်တာနဲ့ ပတ်သက်ပြီး ကန့်ကွက်ကြပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွင့်အစည်းက  မြိတ်မြို့နယ် တာဝန်ခံ ဦးအောင်နိုင်ဦးက ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရလက်ထက်မှာ အခုလို ခွင့်ပြုချက်တောင်းစရာမလိုကြောင်းနဲ့ လက်ရှိ ဒီမိုကရေစီအစိုးရ လက်ထက်မှာ ခွင့်ပြုချက်ရယူပြီးမှ ဆောင်ရွက်ရတာဟာ  မဖြစ်သင့်ကြောင်း ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org