သံတွဲမှာ ညမထွက်ရ အမိန့်ထုတ်ပြန်

ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဇွန်လ ၃ဝ ရက်နေ့မနေ့က အမျိုးသမီးတစ်ဦးကို အခြားဘာသာဝင်တစ်ဦးက အဓမ္မပြုကျင့် ခဲ့တယ်ဆိုပြီး သတင်းထွက်ပေါ်ခဲ့ရာကနေ ညနေငါးနာရီခန့် မှာ လူတချို့က သံတွဲရဲစခန်းကို သွားရောက်ဝိုင်းဝန်းပြီး တရားခံကိုအရေးယူဖို့ တောင်းဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဇွန်လ ၃ဝ ရက်နေ့မနေ့က အမျိုးသမီးတစ်ဦးကို အခြားဘာသာဝင်တစ်ဦးက အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး သတင်းထွက်ပေါ်ခဲ့ရာကနေ ညနေငါးနာရီခန့်မှာ လူတချို့က သံတွဲရဲစခန်းကို သွားရောက်ဝိုင်းဝန်းပြီး တရားခံကိုအရေးယူဖို့ တောင်းဆိုခဲ့ပါတယ်။

ရဲစခန်းကို ဝိုင်းဝန်းဆန္ဒပြတဲ့ လူအရေအတွက် ၅ဝ ကနေ ၂ဝဝ အတွင်းရှိတယ်လို့ သတင်းတွေထွက်နေပါတယ်။ အဲဒီနောက် ဆူပူမှုတွေဖြစ်ကာ ည ၇ နာရီကျော်မှာ မြို့သစ်ရပ်ကွက်က အိမ်နှစ်လုံးမီးရှို့ခံရပြီး ည ၈ နာရီလောက်မှာ ပုဒ်မ-၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တယ်လို့ သံတွဲ မြို့ခံတစ်ဦးဖြစ်တဲ့ ကိုမြင့်မိုးက RFA ကို ပြောပါတယ်။

"လွန်ခဲ့တဲ့ ၅ မိနစ်လောက်က ၁၄၄ ထုတ်လိုက်ပါပြီ၊ ညနေ ၆ နာရီခွဲကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါပြီ၊ အမိန့်ထုတ်လိုက်ပေမယ့် လူတွေကလမ်းပေါ်မှာပဲရှိသေးတယ်၊ လမ်းပေါ်မှာ ဟိုစုစုဒီစုစု"

သံတွဲမြို့မှာ ဒေသခံအာဏာပိုင်တွေက ညမထွက်ရအမိန့်ကို လှည့်လည်ကြေညာနေပြီး မြို့အဝင်အထွက်လမ်းတွေကို ပိတ်ထားကြောင်း ပြစ်မှုကျူးလွန်သူတွေကို ဥပဒေနဲ့အညီ အရေးယူရေးအတွက် ဆောင်ရွက်နေကြောင်း ပြန်ကြားရေးဌာန ဒုတိယဝန်ကြီး ဦးရဲထွတ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org