အကြမ်းဖက်မှုအပြီး သံတွဲမှာ နောက်ထပ်နေအိမ် မီးလောင်

ပြီးခဲ့တဲ့ ဇွန်လ ၃ဝ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ သံတွဲမြို့ရဲ့ ဆူပူအကြမ်း ဖက်မှုအပြီးမှာ မနေ့ညပိုင်းက ထပ်မံပြီး နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ သံတွဲမြို့ရဲ့ ဆူပူအကြမ်းဖက်မှု အပြီး မှာ မနေ့ညပိုင်းက ထပ်မံပြီး နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းမှုဟာ သံတွဲမြို့ ဒါွရာဝတီ (ခ) ရပ်ကွက်မှာ ည ၉ နာရီလောက်က ဖြစ်ပွားတာ ဖြစ်ပြီး ရှို့မီးဖြစ်တယ်လို့ သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေက RFA ကို ပြောပါတယ်။

"အဲဒီအချိန်က လူမရှိတဲ့အချိန်မှာ မုဒိန်းမှုကို အခြေခံပြီးတော့ ဖန်တီးလာတဲ့ ပြဿနာတွေပေါ်မှာ အခြေခံတဲ့ မကျေနပ်တဲ့လူတွေက မီးရှို့တယ်လို့ ယူဆပါတယ်ခင်ဗျ၊ ပြည်နယ်ရဲ့ လုံခြုံရေးဝန်ကြီး ကိုယ်တိုင်လာပြီးတော့ လုံခြုံရေးဆောင်ရွက်ပေးနေတဲ့အချိန်မှာ အခုလို မမျှော်လင့်ပဲဖြစ်သွားတာပါ"

သံတွဲမြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ဆူပူမှုကြောင့် ညပိုင်းမှာပဲ ပုဒ်မ-၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ပါတယ်။

အဲဒီဆူပူမှုမှာ ဒါွရာဝတီ (က) ရပ်ကွက်က နေအိမ် ၂ လုံးနဲ့ ကားတစ်စီး မီးလောင်ကျွမ်းခဲ့ပါတယ်။

အခုလက်ရှိမှာ ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းကိုယ်တိုင် သံတွဲမြို့ပေါ်ရောက်ရှိပြီး လုံခြုံရေးကိစ္စရပ်တွေနဲ့ ပဋိပက္ခတွေ ဆက်လက်မဖြစ်ပွားဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org