သမ္မတဦးသိန်းစိန် တရုတ်ပြည်ကို ရောက်ရှိ
မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံကို ဒီနေ့ မေလ ၂၆ ရက် မွန်းလွဲပိုင်းက ရောက်ရှိသွားပါတယ်။ ဒါဟာ သမ္မတရာထူး ယူပြီးတဲ့နောက် ပြည်ပကို ပထမဆုံး သွားရောက်တဲ့ ခရီးုဖြစ်ပြီး သုံးရက်ကြာပါမယ်။
-
2011-05-26 -
-
-
တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ရှိ ပြည်သူ့ မဟာခန်းမ အဆောက်အအုံကြီး ရှေ့တွင် အစောင့် တပ်သားတဦး တာဝန်ကျနေပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP
အစိုးရ ဧည့်တော်သည်အဖြစ် တရုတ်နိုင်ငံကို ရောက်ရှိချိန်မှာ သမ္မတ ဦးသိန်းစိန်ဟာ တရုတ် သမ္မတ ဟူဂျင်းတောင်၊ ဝန်ကြီးချုပ် ဝမ်ဂျားဘိုနဲ့ ထိပ်တန်းနိုင်ငံရေး အကြံပေးပုဂ္ဂိုလ် Jai Qinglin တို့နဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်ပါတယ်။
ခုလို မြန်မာခေါင်းဆောင်ဟာ ရာထူးလက်ခံပြီး တရုတ်နိုင်ငံကို ပထမဆုံး သွားရောက်ခဲ့သလို တရုတ်နိုင်ငံက နိုင်ငံရေး ညှိနှိုင်းတိုင်ပင်ရေး ညီလာခံ ဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ Jai Qinglin နဲ့ တရုတ် ဗဟိုစစ်ရေး ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ Xu Caihou တို့ဟာ မတ်လတွင်းမှာ မြန်မာ အစိုးရသစ် တက်လာပြီးတဲ့နောက် မြန်မာနိုင်ငံကို ပထမဆုံး ရောက်ရှိလာတဲ့ နိုင်ငံခြား ဧည့်သည်တွေ ဖြစ်ပါတယ်။
ဦးသိန်းစိန်ရဲ့ တရုတ်နိုင်ငံခရီးဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ထပ်ပြီး တိုးမြှင့်လိမ့်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးက မြန်မာသမ္မတရဲ့ တရုတ်နိုင်ငံခရီးစဉ် မစတင်ခင် ပြောကြားပါတယ်။
ဦးသိန်းစိန်ရဲ့ ခရီးစဉ်ဟာ တရုတ်-မြန်မာဆက်ဆံရေး ပိုအားကောင်းပြီး နှစ်နိုင်ငံ လက်တွေ့ ပူးပေါင်း ဆက်ဆံရေး ချဲ့ထွင်နိုင်မယ်လို့ မျှော်လင့်တယ်တဲ့အကြောင်း ဒီနေ့ မွန်းလွဲပိုင်းမှာ လုပ်တဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်၊
ဦးသိန်းစိန်ရဲ့ ခရီးစဉ်အတွင်း နှစ်နိုင်ငံ စီးပွားရေးနဲ့ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်တွေ လက်မှတ်ရေးထိုးဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။