ရွေးကောက်ပွဲမှာ ဝင်မပြိုင်ဖို့ သမ္မတ ဦးသိန်းစိန် ဆုံးဖြတ်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်တော့ဘူးလို ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ထိပ်ပိုင်းအရာရှိကြီးတစ်ဦ်းက ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကို မြင်ရစဉ်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ  ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်တော့ဘူးလို ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ထိပ်ပိုင်းအရာရှိကြီးတစ်ဦ်း က ပြောကြားလိုက်ပါတယ်။   

ဦးသိန်းစိန်က သူရဲ့ကျန်းမာရေး အခြေအနေကြောင့် လာမယ့် အထွေထွေရွေးကောက်ပွဲကို မဝင်တော့ဘူး ဆိုတဲ့အကြောင်း လက်ရှိအာဏာရ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးရွှေမန်းဆီကို  စာရေးသားပေးပို့ လိုက်တယ်လို့ အမည်မဖေါ်လိုသူ အဲဒီအရာရှိကြီးကပြောကြောင်း ရိုက်တားစ်သတင်းဌာနက ဖေါ်ပြထားပါတယ်။

သမ္မတဦးသိန်းစိန်က အဲသလို စာပို့လိုက်ပြီးနောက်ပိုင်း မနေ့ မွန်းလွဲပိုင်းမှာ  ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက အတိုက်အခံခေါင်းဆောင်   ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးခြားခေါ်ယူ တွေ့ဆုံခဲ့တယ်လို့ ပြည်ခိုင်ဖြိုးပါတီ အရာရှိတချို့ကပြောကြောင်းလည်း ရိုက်တားစ်သတင်းက ဖေါ်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org