သီလဝါ စီမံကိန်း ပထမဆင့် ပြီးစီးတော့မည်

ရန်ကုန်တိုင်းအတွင်းက သီလဝါ အထူး စီးပွားရေးဇုန် စီမံကိန်း ပထမအဆင့်ဟာ လာမယ့်ဇွန်လမှာ အပြီးသတ်မှာဖြစ်ပြီး၊ စီးပွားရေး လုပ်ငန်းတွေလည်း စတင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

သီလဝါ အထူးစီးပွားရေးဇုန်နေရာကို Google Map ပေါ်မှာမြင်ရစဉ် Photo: Google Map

ရန်ကုန်တိုင်းအတွင်းက သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း ပထမအဆင့်ဟာ လာမယ့်ဇွန်လမှာ အပြီးသတ် မှာဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းတွေလည်း စတင်တော့ မှာ ဖြစ်တယ်လို့ သိရပါတယ်။

စီမံကိန်း ပထမအဆင့်ဖြစ်တဲ့ ဇုန် A ဟာ ၁၅၅ မိုင် ပတ်လည်နီးပါး ကျယ်ဝန်းပြီး၊ ဝန်ထမ်း နှစ်ထောင်နီးပါး ခန့်ထားရာမှာ အများစုဟာ မြန်မာနိုင်ငံ သားတွေဖြစ်တယ်လို့ ဆိုပါတယ်။

စီမံကိန်းတစ်ခုလုံးကို ၂၀၁၆ -၂၀၁၇ မှာ အပြီးသတ် မှာဖြစ်ပြီး၊ အလုပ်အကိုင်ပေါင်း လေးသောင်း ဝန်းကျင် ပေါ်ပေါက်လာမယ်လို့လည်း တနင်္ဂနွေနေ့က တရားဝင် ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ဖေါ်ပြထား ပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမဆုံး အထူးစီးပွားရေးဇုန်ဖြစ်တဲ့ သီလဝါ စီမံကိန်းကို မြန်မာနဲ့ ဂျပန် ပူးတွဲပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာ လက စတင်ခဲ့တာဖြစ်ပါတယ်။ ဒီစီမံကိန်းမှာ ဂျပန်အပြင်၊ လုပ်ကိုင်ခွင့်လေလံအောင်မြင်ခဲ့ကြတဲ့ တရုတ်၊ ထိုင်း၊ ဆွီဒင်၊ အမေရိကန်နဲ့ သြစတြေးလျ နိုင်ငံတွေက ကုမ္ပဏီ ၂၁ ခုလည်း ပါဝင်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org