သုဝဏ္ဏ ရန်ကုန်သစ်မှာ စစ်တပ်နဲ့ရဲတို့က အင်အားသုံးဖမ်းဆီးနေ
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ရန်ကုန်သစ်ရပ်ကွက်ထဲက သောကြာ ပတ် ဆွမ်းလောင်းအသင်းကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့က ဆွမ်းလောင်းရုံ မှာရှိနေတဲ့ လူငယ် ငါးယောက်တို့ကို ဖမ်းဆီးသွားပါတယ်။
- 2021-03-25
-
-
-
ရဲတပ်ဖွဲ့ဝင်တွေကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏမှာ ၂၀၂၁၊ မတ် ၂၅ ရက်နေ့က တွေ့ရစဉ်
Photo: CJ
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ ရန်ကုန်သစ်ရပ်ကွက်ထဲက သောကြာပတ် ဆွမ်းလောင်းအသင်းကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ တို့က ဆွမ်းလောင်းရုံမှာရှိနေတဲ့ လူငယ် ငါးယောက်တို့ကို ဖမ်းဆီးသွားပါတယ်။
ဆွမ်းလောင်းရုံထဲ ဆွမ်းချက်ပြုတ်တဲ့ အိုး၊ ခွက်၊ ပန်းကန်တွေအားလုံးကို ကားပေါ်တင်သွားတယ်လို့ မျက်မြင် တွေ့ရသူတွေက ပြောပါတယ်။
လက်ရှိအချိန်မှာ ရပ်ကွက်ထဲက လမ်းတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့အင်အားတွေ ဖြန့်ထားပြီး ပစ်ခတ်မှုတွေလည်း ရှိတာကြောင့် တစ်ယောက်က လည်ပင်း၊ နောက်တစ်ယောက်က လက်မောင်းကို သေနတ်ကျည်ထိထား ပါတယ်။
စစ်ကား၊ ရဲကား၊ အချုပ်ကားတို့ ဆယ်စီးကျော်လောက်ရှိနေပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဘက်က အင်အား တစ်ရာကျော်လောက်ရှိပြီး အတော်များတယ်လို့ ပြောပါတယ်။
ပြန်လည်ခုခံတဲ့ လူငယ်တွေကိုလည်း ဝှက်ထားပေးတဲ့အိမ်တွေထဲ သော့ဖွင့်ပြီးရှာမယ်ဆိုပြီး ခြိမ်းခြောက်နေ ပါတယ်။