ပုဂ္ဂလိကအလုပ်သမားတွေ သြင်္ကန်ပိတ်ရက် ၁၀ ရက် ရရှိရေး ဆွေးနွေး

အစိုးရဝန်ထမ်းတွေအပြင် ပုဂ္ဂလိကအလုပ် သမားတွေကို သြင်္ကန်ပိတ်ရက် ၁၀ ရက်ပေးနိုင်ရေးအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနနဲ့ စက်မှုဇုန်လုပ်ငန်းရှင်တွေ၊ စက်မှုဇုန်ပြင်ပက လုပ်ငန်းရှင်တွေ ဒီနေ့ တွေ့ဆုံဆွေးနွေးကြ ပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် ကို မတ်လ ၁၃ ရက်နေ့ က တွေ့ရစဉ် Photo: Kaung Htet Kyaw/ RFA

အစိုးရဝန်ထမ်းတွေအပြင် ပုဂ္ဂလိကအလုပ်သမားတွေကို သြင်္ကန်ပိတ်ရက် ၁၀ ရက်ပေးနိုင်ရေးအတွက် အလုပ် သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနနဲ့ စက်မှုဇုန်လုပ်ငန်းရှင်တွေ၊ စက်မှုဇုန်ပြင်ပက လုပ်ငန်းရှင်တွေ ဒီနေ့ တွေ့ဆုံဆွေးနွေးကြပါတယ်။

ပိတ်ရက် ၁၀ ရက်ပေးဖို့ လုပ်ငန်းရှင်တွေက သဘောတူကြောင်းနဲ့ အပိုပိတ်ရက် ၅ ရက်ကို ဘယ်လိုပုံစံနဲ့ သတ်မှတ်ပေးမယ်ဆိုတာ အလုပ်ရှင် အလုပ်သမား ဆက်လက်ညှိနှိုင်းကြမှာဖြစ်တယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် က ပြောပါတယ်။

"အလုပ်ရှင်တွေအနေနဲ့ နောက်ထပ် ၅ ရက်၊ သူတို့အနေနဲ့ ၁ဝ ရက်စလုံးပေးမယ်၊  အဲဒီ ၁ဝ ရက်အပေါ် မှာ ပြောရရင် ခွင့်အနေနဲ့ ပေးမယ့်ပုံစံရှိတယ်၊ ရက်အစားထိုး  ပြန်အလုပ်လုပ်မယ့်ပုံစံတော့ရှိတယ်၊ အဲဒါသူတို့ဆွေးနွေးချက်တွေပဲပေ့ါနော်"

ရန်ကုန်မြို့ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြ တာဖြစ်ပြီး လုပ်ငန်းရှင်တွေ၊ စက်မှုဇုန်ဥက္ကဌတွေက သြင်္ကန်ပိတ်ရက် ၁၀ ရက် ပေးနိုင်ရေးအတွက် သူတို့ရဲ့ အကြံပြုချက်တွေကို ပြန်လည်တင်ပြခဲ့တယ်လို့ သိရပါတယ်။

ပြည်ထောင်စုအစိုးရက ဧပြီလ ၁၃ ရက်နေ့ကနေ ၁၇ ရက်နေ့အထိကို သြင်္ကန်ပိတ်ရက် ၅ ရက်အဖြစ် တရားဝင်ပြောင်းလဲသတ်မှတ်ထားတာဖြစ်ပေမယ့် သြင်္ကန်ကာလနဲ့ နီးကပ်နေပြီဖြစ်တဲ့အတွက် ဒီနှစ်ကို ပိတ်ရက် ၁၀ ရက်အပြည့် ခံစားခွင့်ပေးတာဖြစ်ပါတယ်။

အပိုပိတ်ရက်အဖြစ် ပေးထားတဲ့ ၅ ရက်ကို လုပ်ငန်းရှင်တွေအနေနဲ့ စနေနေ့တဝက်အလုပ်ချိန်မှာ အပြည့်ဆင်းခိုင်းတာ၊ တစ်နေ့ တစ်နာရီ အပိုဆင်းခိုင်းတာ စတဲ့ နည်းလမ်းတွေနဲ့ အလုပ်ရှင် အလုပ်သမားကြား ညှိနှိုင်းရမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org