လက်နက်ကြီးကြောင့် ထီးချိုင့်က ဒေသခံ တစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ဆားတွင်းရွာထဲကို ဇန်နဝါရီလ ၇ ရက် မနေ့ နေ့လယ်ပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သား တစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် တည်တောရွာ မီးရှို့ခံထားရသည်အား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က တွေ့ရစဉ်။ Tigyaing Revolution -TR

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ဆားတွင်းရွာထဲကို ဇန်နဝါရီလ ၇ ရက် မနေ့ နေ့လယ်ပိုင်း က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သား တစ်ဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား ဆားတွင်းရွာအနီး မနေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာတာကြောင့် လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

လက်နက်ကြီးကျည်ကြောင့် အသက် ၆၀ အရွယ် အမျိုးသမီး တစ်ဦးသေဆုံးခဲ့ပြီး အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၃၀ အရွယ် အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ ကိုလင်းက RFA ကို ပြောပါတယ်။

"ဆုံးသွားတဲ့ အမျိုးသမီးကတော့ အသက် ၆၀ အရွယ်ပေါ့၊ ဒေါ်ကြည်ဖြူလို့ ခေါ်ပါတယ်။ သူက နေအိမ်ထဲမှာပဲ လက်နက်ကြီးကျပြီး ဆုံးသွားတာပေါ့၊ ကျန်သုံးဦးကတော့ ဆေးရုံကို ပို့ထားပါတယ်၊ ခြေထောက်၊ ခေါင်းနဲ့ ခန္ဓာကိုယ် ဘယ်ဘက်တစ်ခြမ်းလုံး ထိကြတာပေါ့"

ဒီအပြင် ဆားတွင်းရွာကနေအိမ် ၁၀ လုံးနီးပါး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

အရပ်သား လက်နက်ကိုင်ခုခံမှုအားကောင်းတဲ့ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်တွေ နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်ပွားနေတာပါ။ တိုက်ပွဲတွေကြောင့် ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာတွေရှိသလို ထိခိုက်သေဆုံး မှုတွေလည်း ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org