ဒုက္ခသည် သုံးယောက်သေဆုံးမှု တပ်မတော်သားတွေကို စစ်ဆေး

ပြီးခဲ့တဲ့ မေလအတွင်းက မန်စီမြို့နယ် မိုင်းခေါင်ရွာ ကက်သလစ်အသင်းတော် ကယ်ဆယ်ရေး စခန်းက ဒုက္ခသည်သုံးဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စွပ်စွဲခံထားရတဲ့ တပ်မတော်သားတချို့ကို မန်စီမြို့ အခြေစိုက် အမှတ် ၃၁၉ ခြေမြန်တပ်ရင်းမှာ ဒီကနေ့ စစ်ဆေးနေပါတယ်။

မိုင်းခေါင်ရွာ ကက်သလစ်အသင်းတော် ကယ်ဆယ်ရေးစခန်းက အသတ်ခံရတဲ့သူတွေရဲ့ ရုပ်အလောင်းကို တွေ့ရစဉ် Courtesy: Myitkyina News

ပြီးခဲ့တဲ့ မေလအတွင်းက မန်စီမြို့နယ် မိုင်းခေါင်ရွာ ကက်သလစ်အသင်းတော် ကယ်ဆယ်ရေးစခန်းက ဒုက္ခသည် သုံးဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စွပ်စွဲခံထားရတဲ့ တပ်မတော်သားတချို့ကို မန်စီမြို့ အခြေစိုက် အမှတ် ၃၁၉ ခြေမြန်တပ်ရင်းမှာ ဒီကနေ့ စစ်ဆေးနေပါတယ်။

အဲဒီလို စစ်ဆေးနေတာကို သေဆုံးသူတွေရဲ့ မိသားစုတွေ၊ ပြည်သူတွေနဲ့ ဌာနဆိုင်ရာတွေ တက်ရောက် နားထောင်နေပြီး ဒီကနေ့ ညနေပိုင်း ၅ နာရီအထိ စစ်ဆေးနေဆဲဖြစ်တယ်လို့ မန်စီမြို့နယ် ရဲတပ်ဖွဲ့မှူး က ပြောပါတယ်။

"တပ်မှာပဲ စစ်တာပါခင်ဗျ၊ ကျနော်တို့ အရပ်ဘက် စစ်တာမဟုတ်ဘူး၊ တပ်ဘက်မှာ စစ်ခုံရုံးနဲ့ စစ်တရားရုံးနဲ့ စစ်တာပါခင်ဗျ၊ သေဆုံးသူရဲ့ မိသားစုအပါအဝင် ဌာနဆိုင်ရာအားလုံး တက်ရောက်နားထောင်ခွင့်၊ တက်ရောက်ခွင့်ပြုထားပါတယ်ခင်ဗျ၊ ဘာသာရေး အသင်းအဖွဲ့တွေပါတယ်လို့ သိရပါတယ်ခင်ဗျ၊ သူတို့စွဲချက်တင်ထားတဲ့ အကြောင်းအရာတွေနဲ့ စစ်နေပါတယ်ခင်ဗျ၊ တိတိကျကျက ကျနော်တို့ စစ်ပြီးသွားမှ သိနိုင်မယ်ခင်ဗျ"

မိုင်းခေါင်ရွာ ကက်သလစ်အသင်းတော် ကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေတယ်ဆိုတဲ့ မရန်ဘရန်ဆိုင်း၊ အင်ခွန်ဂမ်အောင်၊ လဗျနော်ခွန်း ဆိုသူ ၃ ဦးဟာ ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့ ညဦးပိုင်းက နေ့စားလုပ်ကိုင်ပြီး အပြန်မှာ ပျောက်ဆုံးခဲ့တာပါ။

အဲဒီလိုပျောက်ဆုံးနေပြီး ပြန်မလာလို့ လိုက်ရှာရာကနေ မေလ ၂၈ ရက်နေ့က မိုင်းခေါင်ရွာအရှေ့ဘက် လေး မိုင်လောက်ဝေးတဲ့နေရာမှာ အလောင်းတွေကို တူးဖော်တွေ့ရှိခဲ့တာလို့ ပြောပါတယ်။

သေဆုံးမှုဟာ နယ်မြေခံ ၃၁၉ တပ်မတော်သားတချို့နဲ့ ပတ်သက်တယ်လို့ ရွာသားတွေက ယူဆနေကြတဲ့အတွက် တပ်မတော်က အခုလို စစ်ဆေးနေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org