ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ်လ်ဆုရှင် သတိပေး

ရိုဟင်ဂျာမွတ်စလင်တွေကို genocide ဆိုတဲ့ လူမျိုးတုန်းသတ်တာ ခုရပ်ဆိုင်းလိုက်ဖို့နဲ့ ဒါမှမဟုတ် ခုံရုံးနဲ့ ရင်ဆိုင်ရမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစစ်တပ် ကို ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အမျိုးသမီးသုံးဦးက မနေ့က တိုက်တွန်းသတိပေးလိုက်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်ခဲ့တဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ယီမန်အမျိုးသမီး Tawakkol Karman ကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တွေ့ရစဉ် Photo: BenarNews

ရိုဟင်ဂျာမွတ်စလင်တွေကို genocide ဆိုတဲ့ လူမျိုးတုန်းသတ်တာ ခုရပ်ဆိုင်းလိုက်ဖို့နဲ့ ဒါမှမဟုတ် ခုံရုံးနဲ့ ရင်ဆိုင် ရမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစစ်တပ်ကို ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် အမျိုးသမီးသုံးဦးက မနေ့က တိုက်တွန်းသတိပေးလိုက်ပါတယ်။

သူတို့ဟာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေဆီ သီတင်းတပတ်ကြာသွားရောက်ပြီး ဒါကာမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလိုပြောလိုက်တာပါ။ ဘင်္ဂလားဒေ့ရှ်ကို လူထောင်သောင်း ချီထွက်ပြေးရတဲ့ အကြမ်းဖက်မှုအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာတပ်ကို စွပ်စွဲလိုက်ပြီး သူတို့လို ငြိမ်းချမ်းရေးနိုဘယ်ဆု ရထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တာဝန်က ရှောင်လို့မရဘူးလို့ ပြောပါတယ်။

ယီမင်နိုင်ငံက ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် Tawakkol Karman က ဒီအရေးကိစ္စဆောင်ရွက်မလား ဒါမှမဟုတ် ခုံရုံးနဲ့ ရင်ဆိုင်မလားလို့ ပြောပါတယ်။

သူတွေ့ခဲ့ရတဲ့ ကလေးအများစုဟာ မိသားစုမပါဘဲ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာကြတဲ့အကြောင်း၊ ဒီကလေးတွေရဲ့ အဖေတွေနဲ့ အမေတွေ အသတ်ခံရ၊ သေဆုံးရတဲ့အကြောင်းလည်း Karman က ပြောပါတယ်။

မြောက်အိုင်ယာလန်က ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် Mairead Maguire နဲ့ အီရန်က ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် Shirin Ebadi တို့ကလည်း တာဝန်ရှိသူတွေကို တရားဥပဒေဘောင်တွင်းရောက်အောင် ဆောင်ရွက်မယ်လို့ ကတိပေးပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org