ရခိုင်လူငယ် ၃ ဦးကို ဖောက်ခွဲမှုနဲ့ ထောင် ၄ နှစ်စီ ချမှတ်

ရန်ကုန်မြို့က ဗလီတွေကို ဖေါက်ခွဲရေးလုပ်ဖို့ ကြိုးစားတယ် လို့ ရဲတပ်ဖွဲ့ကစွပ်စွဲပြီး ရခိုင်လူငယ် ၃ ယောက်ကို ဒီနေ့ ထောင်ဒဏ် ၄ နှစ်စီ ချမှတ်လိုက်ပါတယ်။

ရန်ကုန်မြို့က ဗလီတွေကို ဖေါက်ခွဲရေးလုပ်ဖို့ ကြိုးစားတယ်လို့ ရဲတပ်ဖွဲ့ကစွပ်စွဲပြီး ရခိုင်လူငယ် ၃ ယောက်ကို ဒီနေ့ ထောင်ဒဏ် ၄ နှစ်စီ ချမှတ်လိုက်ပါတယ်။

ကိုခိုင်နေမင်း၊ ကိုဘိုဘိုထွန်း၊ ကိုသိန်းညွန့် တို့ကို ရန်ကုန်တိုင်း မြောက်ပိုင်းခရိုင် တရားရုံးကနေ စီရင်ချက်ချလိုက်တာလို့ သူတို့အမှုကိုလိုက်ပြီးဆောင်ရွက်ပေးတဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်က RFA ကိုပြောပါတယ်။

"အဲဒီ့ ရခိုင်လူငယ် ၃ ယောက်ကို ရဲမှူးကနေပြီးတော့ ရန်ကုန်မြို့မှာရှိတဲ့ ဗလီတွေကို ဗုံးခွဲဖို့ကြံစည်ပါတယ်၊ နယ်စပ်မှာသင်တန်းတက်ပါတယ် ဆိုပြီးတော့ ညှင်းပမ်းနှိပ်စက်ပြီးတော့မှ ဒီဟာကို အမှုတည်ဆောက်လာတယ်၊ အမှုတည်ဆောက်လာပြီးတော့ ၁၉၀၈ ခုနှစ် ပေါက်ကွဲစေတတ်သော ဥပဒေပုဒ်မ ၅/၆ နဲ့ တရားစွဲဆိုတယ်၊ စွဲတဲ့အခါမှာ သက်သေခံချက်က မခိုင်လုံပါဘူး၊ သက်သေခံချက်တွေ မခိုင်လုံသော်လည်း တိုင်းဒေသကြီးရဲတပ်ဖွဲ့က စွဲတယ်ဆိုတဲ့အပေါ်မှာ မူတည်ပြီးတော့ နောက်ဆုံးသက်ရောက်မှုကတော့ ထောင်ဒဏ်လေးနှစ် ဒီနေ့ အမိန့်ချလိုက်တာပေါ့"

ကိုခိုင်နေမင်းဟာ အရင်က မကြာခဏဆန္ဒပြခဲ့တဲ့အတွက် ပုဒ်မ ၁၈ နဲ့အရေးယူခံရဖူးပြီး၊ ၂၀၁၃ ခုနှစ် နိုဝင်ဘာလမှာတော့ နယ်စပ်မှာဖေါက်ခွဲရေး သင်တန်းတက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံလိုက်ရတာလို့ ပြောပါတယ်။

သူတို့အမှုအတွက် သက်သေပစ္စည်းတွေကလဲ ကလေးကစားစရာယမ်းပြား အပြား ၄၀ ၊ မီးခြစ်တစ်လုံး၊ တယ်လီဖုန်းတစ်လုံး၊ ဝိုင်ယာကြိုးအတိုတချောင်း၊ ပီဘီစီပိုက်နဲ့မီးသွေးတွေပဲဖြစ်တယ်လို့ဆိုပါတယ်။ ဒါကြောင့် သူတို့မှာ အပြစ်မရှိတဲ့အပြင် အမှုတည်ဆောက်တာရော သက်သေခံချက်ပါ မပြည့်စုံတဲ့အတွက် ဒီစီရင်ချက်အတွက် အယူခံဆက်တင်မယ်လို့ရှေ့နေကပြောပါတယ်။

ရှေ့နေ ဦးရောဘတ်စန်းအောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org