သတင်းသမား ၃ ယောက် အာမခံ ထပ်မံလျှောက်ထား

မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁)နဲ့ တရားစွဲခံထားရတဲ့ သတင်းသမား ၃ ဦး အပါအဝင် ၆ ဦး ဟာ ဒီကနေ့ ၅ ကြိမ်မြောက် ရုံးချိန်းမှာ ဒုတိယအကြိမ်မြောက်အဖြစ် အာမခံ ထပ်ပြီး လျှောက်ထားပါတယ်။

သတင်းသမားတွေကို သီပေါမြို့နယ် တရားရုံးမှာ သြဂုတ်လ ၁၁ ရက်နေ့က ရုံးထုတ်ခဲ့စဉ် Photo: Kan Thar/RFA

မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁)နဲ့ တရားစွဲခံထားရတဲ့ သတင်းသမား ၃ ဦး အပါအဝင်  ၆ ဦး ဟာ ဒီကနေ့ ၅ ကြိမ်မြောက် ရုံးချိန်းမှာ ဒုတိယအကြိမ်မြောက်အဖြစ် အာမခံ ထပ်ပြီး လျှောက်ထားပါတယ်။

DVB နဲ့ ဧရာဝတီသတင်းဌာနက သတင်းသမား ၃ ဦး အပါအဝင် ၆ ဦးကို အာမခံပေးဖို့အတွက် ပထမ အကြိမ် လျှောက်ထားခဲ့တာကို သီပေါမြို့နယ် တရားရုံးက ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်နေ့ရုံးချိန်းမှာ ပယ်ချခဲ့ပေမယ့် ဒီကနေ့မှာ ဒုတိယအကြိမ်မြောက် ထပ်ပြီး လျှောက်ထားတာ ဖြစ်ပါတယ်။

ဒီကနေ့ သြဂုတ်လ ၁၁ ရက်နေ့ ရုံးချိန်းမှာ တရားလိုဘက်က သက်သေနှစ်ဦးကို စစ်ဆေးဖို့ အရင်က စီစဉ်ထားပေ မယ့် တပ်မတော်သားဖြစ်တဲ့ သက်သေတစ်ယောက်ဟာ ရှေ့တန်းကို ရောက်နေတဲ့အတွက် ဒီကနေ့ ရုံးချိန်းမှာ သက်သေတစ်ယောက်ကိုပဲ စစ်ဆေးနိုင်ခဲ့ပါတယ်။

နောက်တစ်ပတ်ရုံးချိန်းကိုတေ့ အခုလ ၁၈ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပြီး တရာလိုပြသက်သေနှစ်ဦးကို ထပ်မံစစ်ဆေးမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီဗွီဘီသတင်းဌာနက ဦးအေးနိုင်နဲ့ ကိုပြည့်ဘုန်းအောင်၊ ဧရာဝတီသတင်းဌာနက ကိုသိန်းဇော် ခေါ် ကိုလဝီ၊ သူတို့နဲ့အတူ သွားခဲ့တဲ့ ဒေသခံ ၃ ဦး တို့ကို ပုဒ်မ ၁၇ (၁) နဲ့ တရားစွဲဆိုခံထားရတာပါ။ ဒေသခံ ၃ ဦးထဲက မိုင်းဆန်းညွှန့်နဲ့ မိုင်းအောင်ခမ်း ၂ ဦးကိုတော့ သူတို့ကားတွေဟာ လိုင်စင်မဲ့ကားဖြစ်နေတဲ့ အတွက် ပို့ကုန်သွင်းကုန်ဥပဒေနဲ့ပါ တရားစွဲဆို ခံထားရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇွန်လအတွင်းက သတင်းသမား ၃ ဦးဟာ တအာင်းပလောင်လွတ်မြောက်ရေးအဖွဲ့က ပြုလုပ်တဲ့ မူးယစ်ဆေးဝါး မီးရှို့ပွဲကိုသွားပြီး ပြန်အလာမှာ တပ်မတော်စစ်ကြောင်းတခုက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org