ထီးချိုင့်မြို့နယ်က လယ်မှီးရွာက ဒေသခံသုံးဦး ဖမ်းဆီးသတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် လယ်မှီးရွာက ဒေသခံ အမျိုးသားသုံးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီးနောက် ဇန်နဝါရီလ ၂၁ ရက်မှာ သေဆုံးနေတဲ့ ရုပ်အလောင်းတွေကို ပြန်တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် တည်တောရွာ မီးရှို့ခံထားရသည်အား ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်။ Tigyaing Revolution -TR

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် လယ်မှီးရွာက ဒေသခံ အမျိုးသားသုံးဦးကို စစ်ကောင်စီ တပ်က ဖမ်းဆီးခဲ့ပြီးနောက် ဇန်နဝါရီလ ၂၁ ရက်မှာ သေဆုံးနေတဲ့ ရုပ်အလောင်းတွေကို ပြန်တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

လှယ်မှီးရွာကို စစ်ကောင်စီတပ်တွေက ဇန်နဝါရီလ ၁၈ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံသုံးဦးကို ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးသတ်ဖြတ်ခံရသူတွေဟာ အသက် ၃၅ နှစ်အရွယ် ကိုရဲဝင်းအောင်နဲ့ ကိုညိုအေး၊ အသက် ၄၀ အရွယ် ကိုစန်းဝေတို့ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရုပ်အလောင်းတွေကို အင်းတော်မြို့နယ်၊ ဥသျှစ်ကုန်းကျေးရွာအနီးမှာ ပြန်တွေ့ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရှောင်မနေတဲ့သူတွေ ပါသွားတာဗျ။ ကာကွယ်ရေးအဖွဲ့ကတော့ မဟုတ်ဘူးဗျ။ အရပ်သားပါ။ တစ်ယောက်က ပစ်သတ်ခံရတာ။ နှစ်ယောက်က ရိုက်သတ်ခံရတာ”

စစ်ကောင်စီတပ်ဟာ ဥသျှစ်ကုန်းရွာအနီးမှာ တိုက်ပွဲဖြစ်ပြီးနောက် ဖမ်းဆီးထားတဲ့ ဒေသခံ အရပ်သားသုံးဦးကို အဲဒီနားမှာ သတ်ဖြတ်ခဲ့တာလို့ ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဒီကနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် အာဏာသိမ်းနှစ်နှစ်နီးပါးကာလအတွင်း နိုင်ငံတစ်ဝန်းက ဒေသခံ ၂၇၉၆ ဦးသေဆုံးခဲ့ ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org