သုခကာရီအသင်းက မရွှေမှုန်နဲ့ အသင်းသား နှစ်ယောက် အဖမ်းခံလိုက်ရ

တောင်ဥက္ကလာပမြို့နယ်က သုခကာရီ လူမှုကူညီရေးအသင်းက ဥက္ကဋ္ဌ မရွှေမှုန်နဲ့ အသင်းသား နှစ်ယောက်ဟာ ဒီနေ့မနက်ပိုင်းက အဖမ်းခံလိုက်ရပါတယ်။

သုခကာရီ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ မရွှေမှုန် ကို တွေ့ရစဉ် Photo: Shwe Hmone - FB

တောင်ဥက္ကလာပမြို့နယ်က သုခကာရီ လူမှုကူညီရေးအသင်းက ဥက္ကဋ္ဌ မရွှေမှုန်နဲ့ အသင်းသား နှစ်ယောက်ဟာ ဒီနေ့မနက်ပိုင်းက အဖမ်းခံလိုက်ရပါတယ်။

လှိုင်သာယာမှာ စားဝတ်နေရေးခက်ခဲနေတဲ့ ကျုးကျော်ရပ်ကွက်နေသူတချို့အတွက် အလှူလုပ်ဖို့သွားရင်း လှိုင်သာယာ ပန်းလှိုင်တံတားအနီးမှာ သုခကာရီလူမှုကူညီရေးအဖွဲ့ဝင် သုံးယောက်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားတာလို့ အနီးနားတွေ့လိုက်ရသူတစ်ဦးက ပြောပါတယ်။

သုခကာရီ (တောင်ဥက္ကလာ) လူမှုကူညီရေးအဖွဲ့ဟာ ကိုဗစ်ကာလအတွင်းကတည်းက ကျန်းမာရေး စောင့်ရှောက်မှုနဲ့ စားဝတ်နေရေး ခက်ခဲနေသူတွေကို လှူဒါန်းပေးနေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org