ကမ္ဘာ့နိုင်ငံတွေရဲ့ ပိတ်ဆို့မှုမခံရအောင် ကြိုးစားနေတယ်လို့ ဝန်ကြီးပြော
ဗုဒ္ဓဘာသာ သာသနာကို ချစ်ခင်မြတ်နိုးပေမယ့် မြန်မာကြည့် မကြည့်ဘဲ ကမ္ဘာကြည့် ကြည့်ကာ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ပိတ်ဆို့မှု မခံရအောင် ဆောင်ရွက်နေရတာဖြစ်ကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ဒီနေ့ ပြောလိုက်ပါတယ်။
-
2018-11-27 -
-
-
ဗုဒ္ဓဘာသာ သာသနာကို ချစ်ခင်မြတ်နိုးပေမယ့် မြန်မာကြည့် မကြည့်ဘဲ ကမ္ဘာကြည့် ကြည့်ကာ ကမ္ဘာ့နိုင်ငံ အသီးသီးရဲ့ ပိတ်ဆို့မှု မခံရအောင် ဆောင်ရွက်နေရတာဖြစ်ကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က ဒီနေ့ ပြောလိုက်ပါတယ်။
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူအထူးဒေသမှာ ကျင်းပတဲ့ ပစ္ဆိမဝန္ဒနာ ဝန်ချတောင်းပန်ကန်တော့ခြင်း အခမ်းအနား ပူဇော်ပွဲမှာ ဝန်ကြီး သူရဦးအောင်ကိုက ဘာသာရေးကိုအခြေခံတဲ့ လူမှုရေးပဋိပက္ခတွေမဖြစ်ပွားအောင် ကုလသမဂ္ဂနဲ့ ကမ္ဘာ့အဖွဲ့အစည်းတွေရဲ့ ပိတ်ဆို့မှုမခံရအောင် ဆောင်ရွက်နေရတာဖြစ်ပြီး တခြားဘာသာတွေကို ချစ်ခင်လို့ မဟုတ်ကြောင်းလည်း ဆရာတော်ကြီးတွေကို လျှောက်ထားခဲ့ပါတယ်။
ဒါ့အပြင် တစ်လင်တစ်မယားဥပဒေနဲ့ ဗုဒ္ဓဘာသာဝင်တွေသာ အရေးယူခံနေရတဲ့အတွက် သင့်တော်တဲ့အချိန်မှာ တစ်လင်တစ်မယားဥပဒေကို ပြင်ဆင်သွားဖို့လည်း လျှောက်ထားခဲ့ပါတယ်။
မြိုင်ကြီးငူဆရာတော်ရဲ့ အန္တိမအဂ္ဂိဈာပနသာဓုကီဠနပူဇာ အလှူမင်္ဂလာအခမ်းအနားကို ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး တက်ရောက်ဖို့ ဖိတ်ကြားထားပေမယ့် တက်ရောက်ခြင်း မရှိခဲ့ကြပါဘူး။
ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့တာပါ။