ရွေးကောက်ပွဲရလဒ် အကောင် အထည်ဖော်ရေး သူရဦးရွှေမန်း နဲ့ ဒေါ်အောင်ဆန်းစုကြည် သဘောတူညီ
နိုဝင်ဘာလ ၈ ရက် အထွေထွေရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ပြည်သူတွေ ရဲ့ ဆန္ဒအတိုင်း တည်ငြိမ်အေးချမ်းစွာ စနစ်တကျအကောင် အထည်ဖော်သွားမှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
-
2015-11-19 -
-
-
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ နိုဝင်ဘာလ ၁၉ ရက်နေ့က ပြည်သူ့လွှတ်တော် ဥက္ကဌ ရုံးရှေ့မှာ တွေ့ရစဉ်
Photo: Win Ko Ko Latt/RFA
နိုဝင်ဘာလ ၈ ရက် အထွေထွေရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ပြည်သူတွေရဲ့ ဆန္ဒအတိုင်း တည်ငြိမ်အေးချမ်းစွာ စနစ်တကျအကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဒီကနေ့ မနက် ၉ နာရီကနေ ၁ဝ နာရီ ၁၅ မိနစ်အထိ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သီးသန့််တွေ့ဆုံ အပြီး ခေါင်းဆောင် ၂ ဦးရဲ့လက်မှတ်နဲ့ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်တာပါ။
လွှတ်တော်တွေဖွဲ့စည်းရာမှာလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုပါ အလေးထားဆောင်ရွက်သွားမှာဖြစ်ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် ဒုတိယအကြိမ် လွှတ်တော်တွေကို ဥပဒေနဲ့အညီ ခေါ်ယူနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အတွက် နှစ်ဘက်သဘောတူညီလိုက်ကြပါတယ်