သူရဦးတင်ဦး အသက် ၉ဝ ပြည့် မွေးနေ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရ ဦးတင်ဦးရဲ့ အသက် နှစ် ၉၀ ပြည့် မွေးနေ့ ပွဲကို ရန်ကုန်မြို့ ရွှေတောင်ကြားလမ်းမှာ ရှိတဲ့ သူ့ရဲ့နေအိမ်မှာ ကျင်းပရာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဂါဝရပြုခဲ့ ပါတယ်။
-
2017-03-12 -
-
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးရဲ့ အသက် နှစ် ၉၀ ပြည့် မွေးနေ့ပွဲကို ရန်ကုန်မြို့ ရွှေတောင် ကြားလမ်းမှာရှိတဲ့ သူ့ရဲ့နေအိမ်မှာ ကျင်းပရာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ဂါဝရပြုခဲ့ပါတယ်။
အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ၊ ရန်ကုန်တိုင်းအစိုးရ အဖွဲ့ဝင်တွေနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေ တက်ရောက်ကြပါတယ်။
မွေးနေ့ပွဲကို တက်ရောက်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေနဲ့ ပြည်သူတွေကို ထမင်းကျွေးမွေးပြီး အလှူဒါနပြုခဲ့ပါတယ်။
သူရဦးတင်ဦးဟာ ၁၉၄၃ ခုနှစ်က အသက် ၁၆ နှစ် ပြည့်အပြီးမှာ စစ်ထဲဝင်ဖို့အတွက် ရန်ကုန်မြို့ကို ရောက်ရှိလာ ပြီး ဗမာ့ကာကွယ်ရေး တပ်မတော် BDA မှာ တပ်သားအဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ဒါ့အပြင် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) တိုင်းမှူး၊ ဗိုလ်မှူးကြီး ဗထူး ဦးစီးတဲ့ တပ်မှာ စစ်မြေပြင် တာဝန်ထမ်းဆောင်ရင်း ဖက်ဆစ်တော်လှန်ရေးကို ဆင်နွှဲခဲ့ပါတယ်။
၁၉၅၄- ၁၉၅၅ ခုနှစ်မှာ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် မြန် မာနိုင်ငံကို ကျူးကျော်ဝင်ရောက်လာတဲ့ တရုတ်ဖြူ (ကူမင်တန်) တပ်တွေကို တိုက်ထုတ်နိုင်ခဲ့တာကြောင့် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော က ဦးတင်ဦးကို သီဟသူရဘွဲ့ ပေးအပ်ဖို့ ထောက်ခံအဆိုပြုခဲ့ပေမယ့် သူရဘွဲ့သာ ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။
သူရဦးတင်ဦးဟာ ၁၉၇၄ ခုနှစ်မှာ တပ်မတော်ရဲ့ ထိပ်ပိုင်းအကြီးဆုံး ရာထူးဖြစ်တဲ့ ကာကွယ်ရေးဦးစီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့ရပါတယ်။