အမုန်းစကား မဘသ ရှောင်ရှားဖို့ ဝန်ကြီးပြောကြား
မဘသအဖွဲ့အနေနဲ့ ဒီမိုကရေစီကို နောက်ပြန်သွား လိုပြီး အာဏာရှင်စနစ်ကို အသက်သွင်းလိုတဲ့ လူပုဂ္ဂိုလ် တစ်စုတစ်ဖွဲ့ရဲ့အသုံးချခြင်းကို မခံဘူး ဆိုရင် ၊ ( Hate Speech ) အမုန်းပွားစေတဲ့ စကားတွေ မပြောဘူးဆိုရင် အမျိုးသားရေး အဖွဲ့တစ်ဖွဲ့အနေနဲ့ ရေရှည် ရပ်တည်နိုင်မယ်လို့ ယုံကြည်ကြောင်း သာသနာရေးဝန်ကြီး သူရဦးအောင်ကို က RFA ကို ပြောပါတယ်။
-
2016-07-13 -
-
-
Your browser doesn’t support HTML5 audio
မဘသအဖွဲ့အနေနဲ့ ဒီမိုကရေစီကို နောက်ပြန်သွားလိုပြီး အာဏာရှင်စနစ်ကို အသက် သွင်းလိုတဲ့ လူပုဂ္ဂိုလ် တစ်စု တစ်ဖွဲ့ရဲ့ အသုံးချခြင်းကို မခံဘူးဆိုရင် ၊ ( Hate Speech ) အမုန်းပွားစေတဲ့စကားတွေ မပြောဘူး ဆိုရင် အမျိုးသားရေး အဖွဲ့တစ်ဖွဲ့အနေနဲ့ ရေရှည် ရပ်တည်နိုင်မယ်လို့ ယုံကြည်ကြောင်း သာသနာရေးဝန်ကြီး သူရဦးအောင်ကို က RFA ကို ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ ဝိဇယမင်္ဂလာဓမ္မသဘင်မှာ ကျင်းပတဲ့ နိုင်ငံတော်သံဃမဟာနာယက (မဟန) အစည်းအဝေးပွဲကို တက်ရောက်လာစဉ် RFA က မေးမြန်းရာမှာ ဖြေကြားခဲ့တာဖြစ်ပါတယ်။
"တစ်ခုပဲရှိတာပေါ့၊ မဘသအဖွဲ့အနေနဲ့ ဒီမိုကရေစီကိုနောက်ပြန်သွားလို့တဲ့ အာဏာရှင်စနစ်ကို ပြန်လည်အသက် သွင်းလိုတဲ့ လူပုဂ္ဂိုလ်တစ်စုတစ်ဖွဲ့ရဲ့ လက်ကိုင်တုတ်အနေနဲ့ အသုံးချခြင်းမခံဘူးဆိုရင်တော့ ရေရှည်ရပ်တည်နိုင် တဲ့ လူမှုရေး၊ အမျိုးသားရေးအဖွဲ့တစ်ဖွဲ့အဖြစ်နဲ့ ရပ်တည်နိုင်မယ်လို့ ယုံကြည်ပါတယ်၊ မဘသအနေနဲ့ အားလုံး မဟုတ်ပါဘူး၊ ကြည်ညိုလေးစားဖွယ်ရာ၊ ထည်ကြီး၊ ဝါကြီးသံဃာတော်တွေ အများကြီးပါပါတယ်၊ တချို့လည်း ဘာသာတစ်ခုကြား၊ ဘာသာကိုအခြေခံပြီး လူမျိုးတစ်ခုနဲ့ တစ်ခုကြား၊ ပဋိပက္ခဖြစ်ဖို့ အမုန်းစကားတွေမဖြန့်ဘူး ဆိုရင် ဘာသာရေးကိုအခြေခံတဲ့ လူမှုရေးအဖွဲ့ အစည်းတစ်ရပ်အနေနဲ့ ရေရှည်ရပ်တည်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်"
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ဘာသာရေးနဲ့ ဆိုင်သော လူမှုရေးနဲ့ဆိုင်သော အသင်းအဖွဲ့တွေကို လွတ်လပ်စွာ ဖွဲ့စည်းနိုင်သည်လို့ ပြဌာန်းထားကြောင်းလည်း ဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြောခဲ့တဲ့ စကားဟာ ပုဂ္ဂလိက အမြင်သာဖြစ်ကြောင်းနဲ့ အန်အယ်လ်ဒီနဲ့ အစိုးရက တောင်းပန်ရမယ်ဆိုတာလည်း မဖြစ်သင့်ကြောင်း ၊ မဘသ အဖွဲ့ကလည်း ဒီကိစ္စအပေါ် ဖြေရှင်းပြီးဖြစ်ကြောင်းလည်း ပြောပါတယ်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က မဘသ အပေါ် ထုတ်ပြန်တဲ့ ကြေညာချက်ဟာ ဆရာတော် ဘုရား ၄၇ ပါးရဲ့ တစိတ်တဝမ်းတည်း ချမှတ်တဲ့ သဘောထားဖြစ်ကြောင်း လည်း ဝန်ကြီးက ပြောပါတယ်။
အမျိုးဘာသာသာသနာစောင့်ရှောက်ရေး - မဘသ အဖွဲ့ဟာ သံဃာ့အဖွဲ့အစည်းရဲ့ အခြေခံစည်းမျဉ်း၊ လုပ်ထုံး လုပ်နည်း၊ သံဃနာယကလက်စွဲ၊ ညွှန်ကြားလွှာတွေနဲ့အညီ ဖွဲ့ထားတဲ့အဖွဲ့မဟုတ်တဲ့အကြောင်းနဲ့ ဂိုဏ်းပေါင်း စုံသံဃာ့ညီလာခံကနေ ပေါက်ဖွားလာတဲ့အဖွဲ့ မဟုတ်တဲ့အကြောင်း၊ ဒါကြောင့် ဘယ်ဂိုဏ်းပေါင်းစုံ အစည်း အဝေးကမှ မဘသအဖွဲ့ကို အသိအမှတ်ပြုတာ၊ သန္ဓေတည် ပေါက်ပွားစေတာမရှိတဲ့အပြင် မဘသ ဆိုတဲ့အသုံး အနှုန်းကိုတောင် ခေါ်ဝေါ်သုံးစွဲခဲ့တာ မရှိခဲ့တဲ့အကြောင်း နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ - မဟနရဲ့ စုံညီအစည်းအဝေးကနေ မနေ့က ကြေညာခဲ့ပါတယ်။
သံဃာ့လောကအခြေအနေ၊ သာသနာသန့်ရှင်းရေးနဲ့ တည်တံ့ပြန့်ပွားရေး ဘယ်လိုဆောင်ရွက်ကြမလဲဆိုတာနဲ့ ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုနေရိန်ကျော် စုစည်းတင်ပြထားပါတယ်။
ဘာသာတစ်ခုနဲ့တစ်ခုအကြား အမုန်းစကားတွေပြောဆိုမူတွေ၊ သွေးကွဲစေအောင် ဝါဒဖြန့်ချီမှုတွေ လုပ်ဆောင် လာရင် ရဟန်းပုဂ္ဂိုလ်ဖြစ်စေ၊ လူပုဂ္ဂိုလ်ဖြစ်စေ တားဆီးထိန်းသိမ်းပြီး လိုအပ်ရင် အရေးယူမူတွေ ဆောင်ရွက်သွားဖို့ နိုင်ငံတော်သံဃမဟာနာယက (မဟန) အစည်းအဝေးပွဲမှာ ယဉ်ကျးမှုနဲ့ သာသနာရေး ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က လျှောက်ထားခဲ့ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုသီဟထွန်း က တင်ပြထားပါတယ်။