တရုတ်တစ်ရှူးငှက်ပျောကိစ္စ အစီရင်ခံစာထုတ်ပြန်
ကချင်ပြည်နယ်အတွင်း တရုတ်တစ်ရှူးငှက်ပျောစိုက်မယ့် ဒေသတွေမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ ဆန်းစစ်လေ့လာမှုတွေဆောင်ရွက်ပြီးမှ လုပ်ဆောင်ဖို့နဲ့ တည်ဆဲဥပဒေတွေကို စနစ်တကျ လိုက်နာဖို့ မြေယာလုံခြုံမှုနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကွန်ယက်အဖွဲ့က အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။
-
2019-02-12 -
-
-
ကချင်ပြည်နယ်အတွင်း တရုတ်တစ်ရှူးငှက်ပျောစိုက်မယ့် ဒေသတွေမှာ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေးဆိုင်ရာ ဆန်းစစ်လေ့လာမှုတွေဆောင်ရွက်ပြီးမှ လုပ်ဆောင်ဖို့နဲ့ တည်ဆဲဥပဒေတွေကို စနစ်တကျ လိုက်နာဖို့ မြေယာ လုံခြုံမှုနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကွန်ယက်အဖွဲ့က အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။
ဖေဖော်ဝါရီလ ၇ ရက်နေ့က ထုတ်ပြန်တဲ့ အဲဒီအစီရင်ခံစာမှာ ကချင်ပြည်နယ်အတွင်းက တစ်ရှူးငှက်ပျော စိုက်ခင်းတွေကြောင့် ဒေသခံတွေရဲ့ လယ်ယာမြေတွေနဲ့ သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်ပျက်စီးမှုတွေရှိနေတယ်လို့ ဖော်ပြထားပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ တစ်ရှူးငှက်ပျော စိုက်ခင်းဧက တစ်သိန်းခွဲကျော်ရှိပြီး၊ ဗန်းမော်နဲ့ မိုးမောက် မြို့နယ်မှာဆိုရင် ဧက ၃၀၀၀ ခန့်ရှိတယ်လို့ အစီရင်ခံစာအရ သိရပါတယ်။ အဲဒီဒေသတွေမှာ တစ်ရှူးငှက်ပျော စိုက်ပျိုးရေးနဲ့ ဆက်စပ်လုပ်ငန်း ၄၀ ခန့်ရှိတယ်လို့လည်း အစီရင်ခံစာမှာ ပါရှိပါတယ်။
စိုက်ခင်းတွေမှာအသုံးပြုတဲ့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ ရွက်ဖျန်းဆေးနဲ့ ဓာတုဆေးတွေဟာ စိုက်ခင်း အလုပ်သမားတွေရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေတယ်လို့ ဆိုပါတယ်။
မြေယာလုံခြုံမှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကွန်ယက်အဖွဲ့ဟာ ကချင်ပြည်နယ်အခြေစိုက် အရပ်ဖက်အဖွဲ့ ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး မြစ်ကြီးနားခရိုင် နဲ့ ဗန်းမော်ခရိုင်အတွင်းက ကျေးရွာတွေမှာ ကွင်းဆင်းတွေ့ရှိချက်တွေ ကို အစီရင်ခံစာထုတ်ပြန်တာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မအဲလိဇဘက်ဂျန်မာ ပေးပို့တာပါ။