ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ အစိုးရစစ်တပ်နဲ့ TNLA တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရစစ်တပ်နဲ့ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့တွေ မနေ့က မနက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ပါတယ်။

ကွတ်ခိုင်မြို့ အမှတ် ၅ ရပ်ကွက်က အိမ်တစ်အိမ်ပေါ် ကျခဲ့တဲ့ လက်နက်ကြီး ကျည်ဆန်ကို တွေ့ရစဉ် Photo: KutKai- fb

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း အစိုးရစစ်တပ်နဲ့ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့တွေ မနေ့က မနက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ပါတယ်။

ပန်ဆေးပြည်သူ့စစ် စခန်းကုန်းတဝိုက်မှာ တိုက်ပွဲပြင်းထန်နေပြီး၊ ကွတ်ခိုင်မြို့ အမှတ် ၅ ရပ်ကွက်က အိမ်တစ် အိမ်ပေါ်ကို လက်နက်ကြီးတစ်လုံး ကျခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီကျည်ဆန် မပေါက်ကွဲတဲ့အတွက် တပ်မတော်က ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။ ကွတ်ခိုင်မြို့ထဲမှာ လက်နက်ငယ်ပစ်ခတ်သံတွေလည်း ဆက်တိုက်ကြားနေရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲ မကောက်တောင်နဲ့ ကွတ်ခိုင် လွယ်ကန်ကျေးရွာတဝိုက်မှာ TNLA နဲ့ အစိုးရစစ်တပ်တို့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org