အစိုးရတပ်နဲ့ ကွတ်ခိုင်မှာ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ကြောင်း တအာင်းအဖွဲ့ သတင်းထုတ်ပြန်

ပြီးခဲ့တဲ့ ဇွန်လ ၄ရက်နေ့က ကွတ်ခိုင် မြို့နယ်အတွင်း ဖြစ်ပွားတဲ့ အစိုးရတပ်နဲ့ တအာင်းလွတ်မြောက်ရေးတပ်တို့ရဲ့ ရင်ဆိုင် တိုက်ပွဲမှာ အစိုးရဘက်က တပ်ရင်းမှူး ဗိုလ်မှူးတစ်ဦး ကျဆုံးကြောင်း တအာင်း လွတ်မြောက်ရေးတပ်ဖွဲ့က ဒီကနေ့ သတင်း ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၄ရက်နေ့က ကွတ်ခိုင်မြို့နယ် အတွင်း ဖြစ်ပွားတဲ့ အစိုးရတပ်နဲ့ တအာင်း လွတ်မြောက်ရေးတပ်တို့ ရဲ့ ရင်ဆိုင်တိုက်ပွဲမှာ အစိုးရဘက်က တပ်ရင်းမှူး ဗိုလ်မှူးတစ်ဦး ကျဆုံးကြောင်း တအာင်း လွတ်မြောက်ရေး တပ်ဖွဲ့က ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။

မိနစ် ၃၀ ကြာဖြစ်ပွားတဲ့တိုက်ပွဲဟာ ကွတ်ခိုင် - တာမိုးညဲ ကားလမ်း လီမိုဟန်ကျေးရွာအနီးမှာ ဇွန်လ ၄ရက်နေ့ မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့တာလို့  တအာင်း လွတ်မြောက်ရေးတပ်ဖွဲ့က ဗဟိုကော်မတီဝင် ပါပေါင်လှ ကပြောပါတယ်။

"သူတို့ဘက်ကစပြီးတော့ ပစ်တာပေါ့နော်၊ ပစ်တဲ့အခါ ကျနော်တို့ဘက်က တပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ သူတို့စီးလာတဲ့ ကားတစ်စင်းကို ပစ်တာပေါ့နော်၊ တက်လာတာ ၃ စီး၊ အလယ်ခေါင်က တစ်စီးကို ပစ်လိုက်တာ၊ ကားလည်းပျက်စီးသွားတယ်၊ ကားထဲမှာပါတဲ့ တပ်ရင်းမှူးနဲ့ တခြားအရာရှိတွေကျသွားတယ်၊ သတင်းရတာက သူတို့ တပ်ရင်းမှူးကို မူဆယ်မြို့ကို သယ်လာတယ်"

ဒီတိုက်ပွဲဟာ  အစိုးရဘက်က   ကွတ်ခိုင်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ၂၄၁နဲ့ တအာင်း တပ်ဖွဲ့ ဗြူဟာ ၅၊ တပ်ရင်း ၃၃၅ တို့ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲမှာ အစိုးရတပ်ဘက်က ၂ ဦးကျဆုံးခဲ့တယ်လို့ တအာင်းတပ်ဖွဲ့ က ပြောဆိုပေမဲ့ အစိုးရဘက်က သီးခြား အတည်ပြုချက် မရရှိပါဘူး။

ဒီတိုက်ပွဲမှာ ကျဆုံးသူဟာ ယာယီတပ်ရင်းမှူး ဗိုလ်မှူး ကျော်ထင်အောင်ဖြစ်တယ်လို့ ပြည်တွင်း ဂျာနယ်တချို့ မှာ ဖေါ်ပြပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org