ရှမ်းပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား
ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ် ပန်ရာရွေးကျေးရွာအနီးမှာ အစိုးရတပ်မ ၇၇ နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ရင်း ၄၃၄ တို့ ဒီနေ့ တိုက်ပွဲဖြစ် ပွားနေတယ်လို့ သိရပါတယ်။
-
2015-11-27 -
-
-
ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ် ပန်ရာရွေးကျေးရွာအနီးမှာ အစိုးရတပ်မ ၇၇ နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း ၄၃၄ တို့ ဒီနေ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။
နယ်မြေပိုင်းခြားထားတာမရှိတဲ့အတွက် ဖြတ်သန်းသွားလာတဲ့အခါ နယ်မြေကျူးကျော်တယ်ဆိုပြီး အပြန်အလှန်ပစ်ခတ်ကြတာဖြစ်တယ်လို့ TLNA ရဲ့ ပြန်ကြားရေးတာဝန်ခံဗိုလ်ကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။
နမ့်ဆန်အနီးတဝိုက်မှာ တပ်မတော်ဘက်က တပ်မ ၁၁၊ တပ်မ ၇၇၊ တပ်မ ၈၈ နဲ့ တပ်မ ၉၉ စတဲ့ တပ်မ ၄ခုကို အင်အားတိုးချထားတဲ့အတွက် နှစ်ဘက်တိုက်ပွဲတွေ မကြာခဏဖြစ်လာနိုင်တယ်လို့လည်း ဗိုလ်ကြီး မိုင်းအိုက်ကျော်က ပြောပါတယ်။
ဒီလအတွင်း အစိုးရတပ်မတော်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားမှု ၁၈ ကြိမ်ခန့်ရှိပြီး မန်တုံနဲ့ကျောက်မဲမြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားမှုများတယ်လို့ သိရပါတယ်။
အစိုးရတပ်မတော်ဟာ အပစ်ခတ်ရပ်စဲရေး လက်မှတ်မရေးထိုးထားတဲ့ SSPP/SSA ရှမ်းပြည်တိုးတက်ရေး ပါတီ/ရှမ်းပြည်တပ်မတော်၊ KIA ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့လည်း တိုက်ပွဲတွေ မကြာခဏဖြစ် ပွားနေပါတယ်။