ရှမ်းပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ကွင်းစလန်းကျေးရွာအနီးမှာ PSLF/TNLA တအာင်း ပလောင် လွတ်မြောက်ရေးတပ်မတော်နဲ့ အစိုးရ တပ်မတော်တို့ ဒီနေ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တပ်ဖွဲ့ဝင်တချို့ ကင်းလှည့်နေစဉ် Photo: Kan Thar/RFA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ကွင်းစလန်းကျေးရွာအနီးမှာ PSLF/TNLA တအာင်းပလောင် လွတ်မြောက်ရေးတပ်မတော်နဲ့ အစိုးရတပ်မတော်တို့ ဒီနေ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

တအာင်းလွတ်မြောက်ရေးတပ်မတော် တပ်ရင်း ၉၈၇ က ကွင်းစလန်းကျေးရွာအနီး ဖြတ်သန်းသွားလာစဉ်မှာ အစိုးရတပ်မတော် တပ်မ ၇၇ က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ TNLA က ဗိုလ်ကြီးတာအိုက်ကျော် က ပြောပါတယ်။

"ကွင်းစလန်းကျေးရွာ အထက်နားမှာ ကျနော်တို့အဖွဲ့က ဖြတ်သွားတဲ့အချိန်ကျတော့ အစိုးရတပ်ဖွဲ့နဲ့ ကျနော်တို့တပ် တက်လာတဲ့အချိန်မှာ တိုက်ပွဲတွေဖြစ်တာပေါ့၊ ကျနော်တို့တပ်ဘက်က ထိခိုက်မှုမရှိဘူး၊ အစိုးရဘက်က ထိခိုက်မှုရှိတယ်"

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းမှာ ရှမ်းပြည်နယ် ကွတ်ခိုင်၊ မန်တုံ၊ နမ့်စမ်နဲ့ ကျောက်မဲမြို့နယ်တွေမှာ အစိုးရတပ်မတော်နဲ့ တအာင်းပလောင်လွတ်မြောက်ရေး တပ်မတော်တို့ကြား တိုက်ပွဲတွေ အကြိမ် ၂ဝ ခန့်ဖြစ်ပွားခဲ့တယ်လို့လည်း ဗိုလ်ကြီးတာအိုက်ကျော်က ပြောပါတယ်။

TNLA အဖွဲ့ဟာ RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီတပ်တွေနဲ့လည်း နမ့်ဆန်မြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အစိုးရက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးဖို့အတွက် PSLF/TLNA တအာင်းပလောင်လွတ်မြောက်ရေးတပ်မတော် ၊ AA ရခိုင်တပ်မတော် ၊MNDAA ကိုးကန့်တပ်မတော်တို့ကို မဖိတ်ကြားခဲ့ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org