ပြည်တွင်းစစ် ပြင်းထန်လာတဲ့ အကြောင်းရင်း TNLA ကြေညာချက်ထုတ်

NLD ဦးဆောင်တဲ့ အစိုးရရဲ့ နိုင်ငံရေးဦးဆောင်မှု အားနည်းချက်နဲ့ တပ်မတော်ခေါင်းဆောင်တွေရဲ့ တရားသေစွဲကိုင်ထားတဲ့ နိုင်ငံရေးမူဝါဒတွေကြောင့် ပြည်တွင်းစစ်တွေ ပိုမိုပြင်းထန်လာတာလို့ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က ဒီနေ့ သဘောထားထုတ်ပြန်ပြီး ဝေဖန်လိုက် ပါတယ်။

TNLA စစ်သားတွေ ၅၆ နှစ်မြောက် တအာင်းအမျိုးသား လွတ်မြောက်ရေးနေ့မှာ စစ်ရေးပြနေစဉ် Photo: Kan Thar/RFA

NLD ဦးဆောင်တဲ့ အစိုးရရဲ့ နိုင်ငံရေးဦးဆောင်မှု အားနည်းချက်နဲ့ တပ်မတော်ခေါင်းဆောင်တွေရဲ့ တရားသေ စွဲကိုင်ထားတဲ့ နိုင်ငံရေးမူဝါဒတွေကြောင့် ပြည်တွင်းစစ်တွေ ပိုမိုပြင်းထန်လာတာလို့ တအာင်းလွတ်မြောက်ရေး တပ်မတော် TNLA က ဒီနေ့ သဘောထားထုတ်ပြန်ပြီး ဝေဖန်လိုက်ပါတယ်။

အခုလ ၅ ရက်နေ့ကနေ ၉ ရက်နေ့အထိ TNLA ဌာနချုပ်မှာ ကျင်းပခဲ့တဲ့ ဗဟိုကော်မတီနှစ်ပတ်လည် အစည်းအဝေးမှာ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို ဒီနေ ကြေညာချက်ထုတ်ပြန်ရာမှာ TNLA က အခုလို ထည့်သွင်း ကြေညာလိုက်တာပါ။

NLD အစိုးရအနေနဲ့ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတိုင်း သွားနေမယ်ဆိုရင် အကောင်အထည်ဖော်နိုင်မှာ မဟုတ်ကြောင်း PSLF/TNLA ဥက္ကဋ္ဌ ဗိုလ်ချုပ် တာအိုက်ဘုန်း က RFA ကို ပြောပါတယ်။

အစိုးရက တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်လာနိုင်အောင် လက်တွေ့ကျတဲ့ နိုင်ငံရေးလုပ်ဆောင်ချက်တွေ ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အစိုးရတပ်မတော်ရဲ့ ထိုးစစ်ဆင်နေမှုတွေကို ကန့်ကွက်ကြောင်းနဲ့ တအာင်းပြည်နယ်ကို ကျူးကျော်နေတဲ့ RCSS တပ်တွေ ဆုတ်ခွါပေးဖို့ တောင်းဆိုကြောင်းလည်း ကြေညာချက်မှာ ထည့်သွင်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org