RCSSနဲ့ TNLA တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ် အတွင်းက ကျေးရွာတွေမှာ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ RCSS/ နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံ ၃၀၀ ကျော် နမ္မတူမြို့ပေါ်ကို မနေ့ညနေက ထွက်ပြေး တိမ်းရှောင်လာကြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် နမ္မတူမြို့ပေါ်ကို ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ် Photo: Kan Thar/ RFA

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်အတွင်းက ကျေးရွာတွေမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/ နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ဒေသခံ ၃၀၀ ကျော် နမ္မတူမြို့ပေါ်ကို မနေ့ညနေက ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။

ထွက်ပြေးလာသူတွေကို နမ္မတူမြို့ပေါ် ရပ်ကွက် ၈ က ပုဗ္ဗာရုံကျောင်းတိုက်မှာ နေရာချပေးထားတယ်လို့ တအာင်းကျောင်းသားနဲ့ လူငယ်အဖွဲ့က တွဲဖက် အတွင်းရေးမှူး လွေးကီဒေါင်း က ပြောပါတယ်။

" ပုဗ္ဗာရုံမှာ သူတို့လာစုပြီး နေကြတယ်၊ ရွာက ၆ ရွာလောက်ရှိမယ်၊ ဒီနေ့မနက်က ၃၀၀ ကျော်သွားပြီတဲ့"

ထွက်ပြေးလာသူတွေဟာ နမ္မတူမြို့နယ် ပန်လော့၊ ပန်မော်ခမ်း၊ နောင်တောင်လုတ်၊ ကုန်ကြုံ၊ ပန်မအင်နဲ့ ပန်စံ စတဲ့ ကျေးရွာ ၆ ရွာက ဒေသခံတွေဖြစ်ပါတယ်။

အဲဒီကျေးရွာတွေအနီးတစ်ဝိုက်မှာ မနေ့မနက်ပိုင်းကစပြီး တိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်လာတာလည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org