TNLA နဲ့ RCSS မန်တုံမြို့နယ်မှာ တိုက်ပွဲဖြစ်

ရှမ်းပြည်နယ် မန်တုံမြို့နယ်ထဲက မန်မိုင်ကျေးရွာနားမှာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ နိုဝင်ဘာလ ၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ် Photo: Kan Thar/RFA

ရှမ်းပြည်နယ် မန်တုံမြို့နယ်ထဲက မန်မိုင်ကျေးရွာနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA တို့ နိုဝင်ဘာလ ၇ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

မိနစ်နှစ်ဆယ်လောက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်တာတွေတော့ မရှိခဲ့ဘူးလို့ TNLA က ပြန်ကြားရေးတာ ဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောပါတယ်။

''ဟုတ်ကဲ့ မနေ့က ဖြစ်တယ်၊ မနေ့က မိနစ်နှစ်ဆယ်လောက်ဖြစ်တယ်၊ ဒီဖြစ်တဲ့နေရာက မန်တုံမြို့နယ် မန်မိုင် ကျေးရွာနားမှာဖြစ်တယ်၊ ဖြစ်တဲ့အကြောင်းအရင်းကတော့ RCSS က ကျွန်တော်တို့ရှိတဲ့ဘက်ကို တက်လာတယ်၊ တက်လာတဲ့အချိန်မှာ မိနစ်နှစ်ဆယ်လောက် တိုက်ပွဲဖြစ်တယ်၊ ပစ်ခတ်မှု ခဏလေးဖြစ် ပြီးတော့မှ သူတို့လည်း ပြန်ဆုတ်သွားကြတယ်''

RCSS နဲ့ TNLA တို့ဟာ ပြီးခဲ့တဲ့နှစ်ကတည်းက တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။

RCSS ကတော့ အစိုးရနဲ့ နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု သဘောတူညီချက်စာချုပ်မှာ လက်မှတ်ထိုးထားပြီး TNLA ကတော့ လက်မှတ်ထိုးထားခြင်း မရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org