မောင်တာပဋိပက္ခ ရခိုင်ဒေသ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို ရိုက်ခတ်
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ရခိုင်ဒေသကို ကမ္ဘာလှည့်ခရီးသွားတွေ ဝင်ရောက်မှုလျော့နည်းသွားတယ်လို့ ဟိုတယ်နဲ့ ခရီးသွားညွှန်ကြားမှုဦးစီးဌာန ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူး ဦးရဲအောင်မိုးက RFA ကို ဒီနေ့ ပြောဆိုပါတယ်။
-
2018-11-16 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ရခိုင်ဒေသကို ကမ္ဘာလှည့်ခရီးသွားတွေ ဝင်ရောက်မှုလျော့နည်းသွားတယ်လို့ ဟိုတယ်နဲ့ ခရီးသွားညွှန်ကြားမှုဦးစီးဌာန ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူး ဦးရဲအောင်မိုးက RFA ကို ဒီနေ့ ပြောဆိုပါတယ်။
ကမ္ဘာလှည့်ခရီးသွားတွေ အဓိကလာရောက်လည်ပတ်တဲ့ စစ်တွေ၊ မြောက်ဦးနဲ့ သံတွဲ၊ ကျောက်ဖြူဒေသဟာ ပဋိပက္ခဖြစ်ပွားရာ နေရာနဲ့မသက်ဆိုင်ဘဲ လုံခြုံစိတ်ချစွာ လာရောက်လည်ပတ်လို့ရတဲ့အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိနိုင်အောင် ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ညွှန်ကြားရေးမှူး ဦးရဲအောင်မိုးက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က စစ်တွေ၊ သံတွဲ၊ မြောက်ဦး၊ ကျောက်ဖြူ စတဲ့မြို့နယ်တွေကို ကမ္ဘာလှည့် ခရီးသွားဧည့်သည် ၆၄၀၀၀ ကျော်ရှိခဲ့ပါတယ်။
အခုနှစ်မှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ စက်တင်ဘာလအထိ လာရောက်လည်ပတ်တဲ့ ခရီးသည် ၃၄၀၀၀ ကျော်သာရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က စစ်တွေ၊ သံတွဲ၊ မြောက်ဦး၊ ကျောက်ဖြူ စတဲ့မြို့နယ်တွေကို ကမ္ဘာလှည့် ခရီးသွားဧည့်သည် ၆၄၀၀၀ ကျော်ရှိခဲ့ပါတယ်။
အခုနှစ်မှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ စက်တင်ဘာလအထိ လာရောက်လည်ပတ်တဲ့ ခရီးသည် ၃၄၀၀၀ ကျော်သာရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကဆိုရင် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ လာရောက်လည်ပတ်တဲ့ ခရီးသည်အရေ အတွက် ၄၄၀၀၀ လောက်အထိ ရှိခဲ့တဲ့အတွက် အခုနှစ်အတွင်း လာရောက်လည်ပတ်တဲ့နှုန်းဟာ သိသိ သာသာလျော့ကျသွားတာဖြစ်ပါတယ်။
မောင်တောဒေသမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ရခိုင်ဒေသကို ကမ္ဘာလှည့်ခရီးသွားတွေ ဝင်ရောက်မှုလျော့နည်းသွားတယ်လို့ ဟိုတယ်နဲ့ခရီးသွားညွှန်ကြားမှုဦးစီးဌာန ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူး ဦးရဲအောင်မိုးက RFA ကို ပြောပါတယ်။
"၂၀၁၆၊ ၂၀၁၇ အခု ၂၀၁၈ ပေါ့လေ၊ နိုင်ငံခြားသား ခရီးသွားဧည့်သည် ဝင်ရောက်မှုဟာ ၂၀၁၆ နဲ့စာရင် ၂၀၁၇ ကနည်းနည်းကျတယ်။ ၂၀၁၇ နဲ့စာရင် အခု ၂၀၁၈ ကကျတာပေါ့လေ။ ဒါကလည်း ဒီနယ်စပ်မှာဖြစ်ခဲ့တဲ့ ပဋိပက္ခဟာ ပြည်နယ်တစ်ခုလုံးကို သက်ရောက်မှုဖြစ်စေတယ်။ ငပလီမှာလည်း ခရီးသွားဧည့်သည် ရောက်ရှိမှု ကျသွားတယ်။ ခရီးသွားဧည့်သည်တွေ ရောက်ရှိမှုကျဆင်းသွားရတဲ့ အဓိကရင်းမြစ်ကလည်း ကျနော်တို့ နယ်စပ်မှာဖြစ်သွားတဲ့ ပဋိပက္ခအခြေအနေကြောင့်ပဲလို့ ပြောလို့ရပါတယ်"
ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည်ပတ်လေ့ရှိတဲ့ မြောက်ဦး၊ သံတွဲမြို့တွေဟာ အကြမ်းဖက်မှုဖြစ်ပွား တဲ့နေရာနဲ့ အလှမ်းဝေးပြီး လုံခြုံစိတ်ချမှုရှိတာကို ခရီးသွားတွေသိရှိနိုင်ဖို့ ကြိုးပမ်းတာတွေ လုပ်ဆောင်နေ တယ်လို့လည်း ညွှန်ကြားရေးမှူး ဦးရဲအောင်မိုးက ပြောပါတယ်။
ရခိုင်ပြည်နယ်ကို ကမ္ဘာလှည့်ခရီးသွားဧည့်သည် လာရောက်လည်ပတ်မှုနှုန်းဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကနေ တဖြည်းဖြည်း ကျဆင်းလာတာဖြစ်တယ်လို့ သိရပါတယ်။
အခုလက်ရှိအခြေအနေမှာ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်မှု သိသိသာသာနည်းနေတာကြောင့် ဧည့်လမ်း ညွှန်တွေအနေနဲ့လည်း အလုပ်လက်မဲ့ဖြစ်နေကြရတယ်လို့ မြောက်ဦးမြို့မှာနေထိုင်တဲ့ ဧည့်လမ်းညွှန်တစ်ဦးဖြစ်တဲ့ ကိုထွန်းနေဝင်းက ပြောပါတယ်။
"ကမ္ဘာလှည့်ခရီးသွားတွေ မြောက်ဦးကို လာရောက်လည်ပတ်တာ တော်တော်လေးနည်းပါတယ်ခင်ဗျ။ ဧည့်လမ်း ညွှန်အပါအဝင် မြောက်ဦးမှာရှိတဲ့ ဟိုတယ်တွေ၊ နောက်ပြီး ကားအငှားလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ တော်တော်လေး အကျပ်ရိုက်တာတွေရှိပါတယ်။ နောက်ပြီးရင် လေးမြို့ခရီးစဉ်ဆိုရင်လည်း ဘာမှကိုမရှိတော့ဘူး။ အဲဒါနဲ့ပတ်သက်ပြီးတော့ အရင်နှစ်တွေက ဒီအချိန်ဆိုရင် ကျနော်တို့ ဧည့်လမ်းညွှန်တွေရော၊ ဟိုတယ်တွေရော၊ အငှားကားတွေရော အလုပ်များတယ်။ ဒီနှစ်မှာတော့ ဘာမှမရှိတဲ့အတွက် ကျနော်တို့မှာ တော်တော်လေး အခက်အခဲရှိပါတယ်"
မောင်တောဒေသမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် ကမ္ဘာလှည့်ခရီးသွားတချို့ဟာ မြောက်ဦးကို လာရောက်ဖို့ စာရင်းပေးထားပြီးမှ ပြန်ဖျက်သွားတာမျိုးတွေရှိသလို တချို့သံရုံးတွေကလည်း သူတို့နိုင်ငံသားတွေ အတွက် အလည်အပတ် မသွားရောက်သင့်တဲ့နေရာတွေအဖြစ် ပြောဆိုမှုတွေရှိတာကြောင့် လာရောက်လည်ပတ် မှုနှုန်း လျော့ကျသွားတာဖြစ်တယ်လို့လည်း ပြောကြပါတယ် ခင်ဗျာ။
ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့ထားတာပါ။