ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၆၇ သန်းကျော်ရှိနေ

မြန်မာအစိုးရ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဧပြီလကနေ သြဂုတ်လကုန်အထိ ၅ လအတွင်း မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေး လိုငွေပြမှုပမာဏဟာ အမေရိကန်ဒေါ်လာ ၆၇ သန်းကျော် ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ ဆိပ်ကမ်းတစ်ခုမှာ ကုန်သေတ္တာတွေကို တွေ့ရစဉ်

မြန်မာအစိုးရ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဧပြီလကနေ သြဂုတ်လကုန်အထိ ၅ လအတွင်း မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေး လိုငွေပြမှုပမာဏဟာ အမေရိကန်ဒေါ်လာ ၆၇ သန်းကျော် ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာ့အလင်းသတင်းစာမှာ အခုလို လိုငွေပြမှုဟာ နယ်စပ်ဒေသ ကုန်သွယ်မှု ကျဆင်းတဲ့အတွက်ဖြစ်တယ်လို့ ကုန်သွယ်မှုမြှင့်တင်ရေးဌာန ပြောကြောင်းဖေါ်ပြထားပါတယ်။ အဲဒီလို ၂ဝ၁၆-၁၇ ဘဏ္ဏာရေးနှစ်ရဲ့ ပထမ ငါးလ ကာလအတွင်း ပြည်ပပို့ကုန်တန်ဖိုးက ကန် ဒေါ်လာ ၂၆၄ သန်းပဲရှိပြီး သွင်းကုန်တန်ဖိုးက ဒေါ်လာ ၃၃၁ သန်းရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org