ရန်ကုန်မြို့ ယာဉ်ပိတ်ဆို့မှုပြဿနာ ၆ လအတွင်း ဖြေရှင်းမယ်လို့ စည်ပင်ဌာနပြော

ရန်ကုန်မြို့တော်မှာ နေ့စဉ်ယာဉ်ကြောပိတ် ဆို့မှုပြဿနာကို ဖြေရှင်းနိုင်ဖို့ ရန်ကုန်တိုင်းဒေ သကြီးအစိုးရက ၆ လအတွင်း လမ်းတွေတိုးချဲ့ဖောက်လုပ် မှာဖြစ်သလို မီးပွိုင့်စနစ်တွေကို ပြုပြင်သွားမယ်လို့ ရန်ကုန်မြို့ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောပါတယ်။

ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းနိုင်ရေးအတွက် UMFCCI ခန်းမ မှာ နိုဝင်ဘာ ၄ ရက်နေ့က ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီ တာဝန်ရှိသူတွေ သတင်းစာရှင်းလင်းစဉ် Photo: Thiha Tun/ RFA

ရန်ကုန်မြို့တော်မှာ နေ့စဉ်ယာဉ်ကြောပိတ်ဆို့မှုပြဿနာ ကို ဖြေရှင်းနိုင်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ၆ လအတွင်း လမ်းတွေတိုးချဲ့ဖောက်လုပ်မှာဖြစ်သလို မီးပွိုင့်စနစ်တွေကို ပြုပြင်သွားမယ်လို့  ရန်ကုန်မြို့ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMFCCI မှာ ဒီကနေ့ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ မီးပွိုင့်တွေကို တစ်နေရာထဲကနေ ယာဉ်ကြောအခြေအနေကို ကြီးကြပ်နိုင်အောင်ဆောင် ရွက်သွားမယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လမ်းတံတားဋ္ဌာန ညွှန်ကြားရေးမှူး ဦးတင်မောင်ကြည်က ပြောပါတယ်။

"ရန်ကုန်မြို့မှာ မီးပွိုင့် ၁၆၉ ပွိုင့်ရှိတယ်၊ အဲဒီ့မီးပွိုင့်တွေ ၁ဝ မိုင်ကုန်းကနေ မြို့လယ်အထိ ရေတွက်မယ်ဆိုရင် ၇၅ ပွိုင့်ရှိမယ်၊ အဲဒီ့ ၇၅ ပွိုင့် မဖြစ်မနေ synchronize လုပ်ဖို့လိုပါတယ်၊ နောက်ထပ် commend center လုပ်ဖို့လိုပါတယ်၊ ဒီမီးပွိုင့်တွေအကုန်လုံး ခေတ်မီစနစ်ပြောင်းပြီးတာနဲ့ CCTV အားလုံးပါပါတယ်၊ ကားတွေ နဲ့ပတ်သက်လို့ ပြစ်မှုကျူးလွန်တာလည်း ဖမ်းလို့ရပါတယ်"

ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြောပိတ်ဆို့မူဖြစ်ရတဲ့ အကြောင်းအရင်းတွေထဲမှာ ကားရပ်နားစရာနေရာတွေ နည်းပါးလွန်းတာလဲပါဝင်တာကြောင့် ယာဉ်ရပ်နားစရာနေရာတွေ တည်ဆောက်ရေးအတွက် ပြည်တွင်းပြည်ပက လုပ်ငန်းရှင်တွေ ဖိတ်ခေါ်သွားမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ ယာဉ်အစီးရေ ၄ သိန်းကျော်ရှိကြောင်းသိရပါတယ်။

ဒီအတောအတွင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ခရိုင်စည်ပင်နဲ့ မြို့နယ်အဆင့် စည်ပင် သာယာရေးကော်မတီ ရွေးကောက်တင်မြှောက်ပွဲကို ဒီမိုကရေစီနည်းလမ်းနဲ့ ပထမဆုံးအကြိမ်အဖြစ် လာမယ့်ဒီဇင်ဘာလ ၂၇ရက်နေ့မှာ ကျင်းပတော့မှာဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းစာရင်းကို ဒီနေ့ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မြို့တော်စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးကောက်ပွဲအကြောင်းကို RFA သတင်းထောက် မဝေမာထွန်းက တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org