ရန်ကုန် မဟာဗန္ဓုလလမ်းနဲ့ ဗိုလ်တထောင်ဈေးလမ်းထောင့် ပစ်ခတ်မှုဖြစ်ပွား

ရန်ကုန် ဗိုလ်တစ်ထောင်မြို့နယ် မဟာဗန္ဓုလလမ်းနဲ့ ဗိုလ်တထောင်ဈေးလမ်းထောင့် မီးပွိုင့်ရဲ့ ယာဉ်ထိန်းရုံးမှာ ဒီနေ့ အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းက ပစ်ခတ်မှုဖြစ် ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးသူတွေရှိခဲ့တယ်လို့ ဗိုလ်တစ်ထောင်မြို့ထဲ နေထိုင်သူတွေက RFA ကို ပြောပါ တယ်။

ရန်ကုန် မဟာဗန္ဓုလလမ်းနဲ့ ဗိုလ်တထောင်ဈေးလမ်းထောင့် ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ယာဉ်ထိန်းရုံးကို ၂၀၂၁ အောက်တိုဘာ ၂၃ ရက်နေ့က တွေ့ရစဉ် P

ရန်ကုန် ဗိုလ်တစ်ထောင်မြို့နယ် မဟာဗန္ဓုလလမ်းနဲ့ ဗိုလ်တထောင်ဈေးလမ်းထောင့် မီးပွိုင့်ရဲ့ ယာဉ်ထိန်းရုံးမှာ ဒီနေ့ အောက်တိုဘာ ၂၃ ရက် မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးသူတွေရှိခဲ့ တယ်လို့ ဗိုလ်တစ်ထောင်မြို့ထဲ နေထိုင်သူတွေက RFA ကို ပြောပါတယ်။

အဲဒီနေရာဟာ ဗိုလ်တစ်ထောင် အိုးရှင်း ကားမှတ်တိုင်နဲ့ ဂန္ဓီဆေးရုံ မှတ်တိုင်ကြားမှာရှိပြီး အစောင့်တာဝန်ကျ နေတဲ့ စစ်ကောင်စီတပ်သားတွေကို ရန်ကုန်မြို့က PDF အဖွဲ့တစ်ဖွဲ့က ဒီနေ့ မနက် ၅ နာရီ ဝန်းကျင်မှာ လာရောက်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်က သေဆုံးသူ လေးယောက်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် RFA အနေနဲ့တော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

အဲဒီယာဉ်ထိန်းရုံးနေရာကို မနက်စောစော လက်နက်ကိုင်လူတစ်စုက လမ်းလျှောက်လာပြီး အနီးရောက်မှ သေနတ်နဲ့ အချက်ပေါင်း ၁၆ ချက်လောက် ပစ်ခတ်ခဲ့တာကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ယက် ပေါ်မှာ ပျံ့နှံ့နေပါတယ်။

အဲဒီဖြစ်ရပ်အပြင် ဒီနေ့မနက်ပိုင်းကလည်း သန်လျင်မြို့နယ်ထဲမှာ သန်လျင် ကျိုက်ခေါက်စေတီတော်နားမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ မော်တော်ယာဉ်တစ်စီး ပစ်ခတ်ခံရတာလည်း ရှိခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org