Kalmaegi မုန်တိုင်း ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်တွေဆီ ဝင်ရောက်နိုင်

တောင်တရုတ်ပင်လယ်မှာ ဖြစ်ပွားနေတဲ့ အပူပိုင်းမုန်တိုင်း တိုင်ဖွန်းမုန်တိုင်း ကယ်လ်မေဂီ Kalmaegi ဟာ လာမယ့် စက်တင်ဘာလ ၁၇ ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေ ဆီကို မုန်တိုင်းငယ် အဖြစ် ဝင်ရောက်လာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာဦးထွန်းလွင်က ခန့်မှန်း ထားပါတယ်။

အပူပိုင်းမုန်တိုင်း Kalmaegi ရွေ့လျားရာလမ်းကြောင်းကို ခန့်မှန်းပြထားစဉ် Photo: wunderground.com

တောင်တရုတ်ပင်လယ်မှာ ဖြစ်ပွားနေတဲ့ အပူပိုင်း မုန်တိုင်း တိုင်ဖွန်းမုန်တိုင်း ကယ်လ်မေဂီ Kalmaegi ဟာ လာမယ့် စက်တင်ဘာလ ၁၇ ရက်နေ့မှာ ရှမ်းပြည် နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေဆီကို မုန်တိုင်း ငယ်အဖြစ် ဝင်ရောက်လာနိုင်တယ်လို့ မိုးလေဝသ ပညာရှင် ဒေါက်တာဦးထွန်းလွင်က ခန့်မှန်းထားပါတယ်။

တစ်နာရီလေတိုက်နှုန်း ၄၅ မိုင်လောက်နဲ့ ဝင်ရောက် လာနိုင်တာဖြစ်ပြီး အဲ့ဒီမုန်တိုင်းငယ်ကြောင့် ရေကြီး မှုတွေ တောင်ပေါ်ဒေသတွေမှာ မြေပြိုမှုတွေ ရှိနိုင်တယ်လို့ ဦးထွန်းလွင်က သတိပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ် မေလက စစ်တကောင်းဒေသမှာ တိုက်ခတ်ခဲ့တဲ့ မဟာစင်မုန်တိုင်းဟာ တစ်နာရီလေတိုက်နှုန်း မိုင် ၆၀ လောက်နဲ့ တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။

ဒေါက်တာ ဦးထွန်းလွင်ကို RFA သတင်းထောက် ကိုကျော်သူ မေးမြန်းချက်ထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org