ဒေါ်အောင်ဆန်းစုကြည် ကို ဖေ့စ်ဘွတ်မှ ဆဲဆိုသူ အဖမ်းခံရ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ကို ဖေ့စ်ဘွတ်မှာ ကြမ်းတမ်း စွာ ဆဲဆိုရေးသားခဲ့တဲ့ မကွေးတိုင်းဒေ သကြီး စလင်းမြို့နယ် စီမံကိန်းဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးထွန်းမင်းလတ်ကို မင်းဘူးခရိုင် ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးအရေးယူထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဖေ့စ်ဘွတ်ကနေ ဆဲဆိုရေးသားခဲ့တဲ့အတွက် ဖမ်းဆီးခံရတဲ့ ဦးထွန်းမင်းလတ် ကို တွေ့ရစဉ် Photo: Darrine La Vwe Ray/ Facebook

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ကို ဖေ့စ်ဘွတ်မှာ ကြမ်းတမ်း စွာ ဆဲဆိုရေးသားခဲ့တဲ့ မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် စီမံကိန်းဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးထွန်းမင်းလတ် ကို မင်းဘူးခရိုင် ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးအရေးယူထား ပါတယ်။

ဦးထွန်းမင်းလတ်ကို သူ့ရဲ့နေအိမ်ကနေ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ စလင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှူး ဦးဝင်းတင် က ပြောပါတယ်။

"ဒီအမှုနဲ့ပတ်သက်ပြီးတော့ အမှုဖွင့်ထားတယ်လေ၊ အဲ့ကတာဝန်ရှိတဲ့အဖွဲ့က လာဖွင့်တာပေါ့၊ ပြောတာကတော့ ကျနော်တို့သဘောနဲ့ ကျနော်တို့ ပြောလို့မဖြစ်ဘူး"

ဦးထွန်းမင်းလတ်ရဲ့ ဖေ့စ်ဘွတ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ကုလားမယားဟု ဆဲဆိုရေးသား ခဲ့တဲ့အတွက် သင့်တော်တဲ့ဥပဒေပုဒ်မနဲ့ အရေးယူပေးဖို့ ဦးမြင့်သိန်းဌေး ဆိုသူက ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က တိုင်ကြားခဲ့ တာဖြစ်ပါတယ်။

ဦးထွန်းမင်းလတ်ဟာ နိုင်ငံဝန်ထမ်းတစ်ယောက်ဖြစ်ပေမယ့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေးကို နှောင့်ယှက်ဟန့်တားစေတဲ့ အရေးအသားတွေ ရေးသားခဲ့ကြောင်း တိုင်ကြားစာမှာ ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org