ယင်းမာပင် တိုက်ပွဲအတွင်း ပျောက်ဆုံးနေတဲ့ PDF တပ်ဖွဲ့ဝင်နှစ်ဦး ရုပ်အလောင်းပြန်တွေ့

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲကို သွားရောက် အားဖြည့် ကူညီရာမှာ ပျောက်ဆုံးနေတဲ့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးရဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းနှစ်ခုကို ကနီမြို့နယ် ဇီးပင်တွင်းရွာအနီးမှာ ဒေသခံတွေက ဇူလိုင်လ ၂၉ ရက် မနေ့က တွေ့ရှိခဲ့ကြ တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အသတ်ခံထားရတဲ့ ရုပ်အလောင်းတွေကို ၂၀၂၁ ဇူလိုင် ၂၇ ရက်နေ့က မီးသင်္ဂြိုဟ်ခဲ့စဉ် Photo: CJ
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲကို သွားရောက်အားဖြည့် ကူညီရာမှာ ပျောက်ဆုံးနေတဲ့ မုံရွာမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် နှစ်ဦးရဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းနှစ်ခုကို ကနီမြို့နယ် ဇီးပင်တွင်းရွာအနီးမှာ ဒေသခံတွေက ဇူလိုင်လ ၂၉ ရက် မနေ့က တွေ့ရှိခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
ရုပ်အလောင်းတွေကို အဲဒီမှာပဲ သင်္ဂြိုဟ်ခဲ့တယ်လို့  မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူ တစ်ယောက်က RFA ကိုပြောပါတယ်။
 
"ကနီမြို့နယ်ထဲက သဲတွင်းတွေထဲမှာ တွေ့တာပါပဲ။ သေဆုံးသူတွေက ကိုထင်ရှား နဲ့ ကိုစိုးနိုင်ဦးပါ။ အဲဒီနေ့က စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာ"
 
ယင်းမာပင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ မုံရွာမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဘက် ငါးဦးသေဆုံးပြီး နှစ်ဦး ပျောက်ဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
 
အဲဒီနေ့က တိုက်ပွဲမှာ စစ်ကောင်စီဘက်က ငါးဦးထက်မနည်း ကျဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောဆို ခဲ့ပေမယ့်  RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org