ရွှေပြည်သာနဲ့ မြောက်ဥက္ကလာက ပြည်သူနှစ်ဦး ထောင်တစ်သက်ချမှတ်ခံရ

ရန်ကုန်တိုင်းက ပြည်သူနှစ်ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)နဲ့ ထောင်ဒဏ် တစ်သက် ချမှတ်လိုက်ပါတယ်။

စစ်ကောင်စီက ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ကြောင်း ကြေညာလိုက်တဲ့ ရွှေပြည်သာမြို့နယ်က ဦးသန်းဦးနဲ့ မြောက်ဥက္ကလာပမြို့နယ်က မဆုရည်ပိုင်တို့ကို တွေ့ရစဉ် Photo: Myanmar Military

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်နဲ့ မြောက်ဥက္ကလာပ မြို့နယ်က ပြည်သူနှစ်ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(ည)နဲ့ ထောင် ဒဏ်တစ်သက် ချမှတ်လိုက်ကြောင်း စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက် ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။

ရွှေပြည်သာမြို့နယ်က ဦးသန်းဦးနဲ့ မြောက်ဥက္ကလာပမြို့နယ်က မဆုရည်ပိုင်တို့ကို တိုင်းရင်းသားနယ်မြေမှာ စစ်သင်တန်း တတ်ရောက်ခဲ့တယ်၊ စစ်ကောင်စီက သတ်မှတ် ထားတဲ့ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်ခုံရုံးကနေ အမြင့်ဆုံးပြစ်ဒဏ် ချမှတ်လိုက်တာလို့ ဆိုပါတယ်။

လုံခြုံရေး အရအမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက "စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မြို့နယ်တွေက စစ်ခုံရုံးစီရင်ချက်တွေကို ပြန်ခုခံချေပခွင့် အခွင့်အရေးက အားနည်း တယ်၊ ဒါကြောင့်လည်း ဒီလိုပြစ်ဒဏ်ကြီးတွေ ကျခံနေရတာပါ"

ရန်ကုန်တိုင်းအတွင်းက လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ ဒဂုံဆိပ်ကမ်းနဲ့ မြောက်ဥက္ကလာပစတဲ့ မြို့နယ်တွေကို ပြီးခဲ့တဲ့နှစ် မတ်လ ၁၅ ရက်နေ့ကစပြီး စစ်အုပ်ချုပ်ရေး ကြေညာထားတာဖြစ်ပါတယ်။

RFA ကပြုစုထားတဲ့ အချက်အလက်တွေအရ စစ်တပ် အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော် အတွင်း စစ်ခုံရုံးအသီးသီးကနေ သေဒဏ်နဲ့ထောင်ဒဏ် တစ်သက် အပါအဝင်၊ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံထားရတဲ့သူ ၁၅၅ ဦးထိရှိလာပြီ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org