သမ္မတအကြံပေး NDF မှာဟောပြော
သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေး ဒေါက်တာဦးမြင့် က အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး အကြောင်း ဒီကနေ့ NDF ပါတီရုံးမှာ ပြုလုပ်တဲ့ နိုင်ငံရေး သင်တန်းမှာ ဟောပြောသွား ပါတယ်။
-
2011-08-03 -
-
-
၂၀၁၁ ခုနှစ် သြဂုတ်လ ၃ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေး ဒေါက်တာဦးမြင့် က NDF ပါတီရုံးမှာပြုလုပ်တဲ့ နိုင်ငံရေး သင်တန်းမှာ ဟောပြော ပို့ချစဉ်။
NDF
ဒေါက်တာဦးမြင့် ဟောပြော ဆွေးနွေးတာနဲ့ ပတ်သက်ပြီး NDF ပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင် က ခုလိုပြောပြပါတယ်။
“အကျင့်ပျက် ခြစားမှုတွေ ဖြစ်ပေါ်လာပုံ။ အဲဒီ အကျင့်ပျက် ခြစားမှုတွေကြောင့် တိုင်းပြည် နစ်နာ လာပုံ။ ဒါတွေကို တိုက်ဖျက်ဖို့အတွက် ဘယ်သူတွေမှာ တာဝန်ရှိသလဲ။ ဘယ်လိုတွေ လုပ်ရမယ် ဆိုတာ ဆွေးနွေး သွားတာပါ ခင်ဗျာ”
ဒီဆွေးနွေးပွဲမှာ အဂတိ လိုက်စားမှု ပပျောက်ရေးအတွက် တိုင်းပြည်မှာ ခိုင်မာတဲ့ စည်းမျဉ်းဥပဒေ ထားရှိဖို့ လိုတယ်လို့ ဒေါက်တာ ဦးမြင့်က ပြောပြသလို ဝန်ထမ်းတွေကို လစာတိုးမြှင့် ပေးခြင်းဟာ အဂတိ လိုက်စားမှုကို လျှော့ချနိုင်မှာ ဖြစ်တယ်လို့ ဒေါက်တာဦးမြင့်က RFA ကို ပြောပါတယ်။
ဒါ့အပြင် အစိုးရအနေနဲ့လည်း အဂတိ လိုက်စားမှု ပပျောက်ရေးအတွက် နည်းလမ်းတွေ ရှာနေတယ်လို့ ဆိုပါတယ်။
သြဂုတ်လ ၁ ရက်နေ့က ၅ ရက်နေ့ အထိပြုလုပ်နေတဲ့ NDF ပါတီ နိုင်ငံရေး သင်တန်းမှာ ပါတီ ခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးခင်မောင်ဆွေ နှင့်အတူ ဥက္ကဌ အတွင်းရေးမှူးတို့ ဦးစီးပြီး နိုင်ငံရေးသင်တန်း ပို့ချနေတာ ဖြစ်ပါတယ်။ အဲဒီသင်တန်းမှာ NDF ပါတီဝင် သင်တန်းသား သင်တန်းသူ ၃၀ ခန့်တက် ရောက်နေပါတယ်။