သတင်းမီဒီယာ ပြောင်းလဲမှုတွေ အကြောင်း ဝန်ကြီးဦးအောင်ကြည် ရှင်းပြ

လက်ရှိလွှတ်တော်ကို တင်ပြထားတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်းဟာ လွတ်လပ်စွာ ဆန္ဒသဘောထား ထုတ်ဖေါ်ခွင့်ကို အပြည့်အဝ အကာအကွယ်ပေးထားတဲ့ ဥပဒေဖြစ်တယ်လို့ ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည်က RFA ကို ဒီကနေ့မှာ ပြောဆိုလိုက် ပါတယ်။

လက်ရှိလွှတ်တော်ကို တင်ပြထားတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း ဥပဒေမူကြမ်းဟာ လွတ်လပ်စွာ ဆန္ဒသဘောထား ထုတ်ဖေါ်ခွင့်ကို အပြည့်အဝ အကာအကွယ်ပေးထားတဲ့ ဥပဒေဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က RFA ကို ဒီကနေ့မှာ ပြောဆိုလိုက်ပါတယ်။

လက်ရှိသတင်းမီဒီယာလောက ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဝန်ကြီး ဦးအောင်ကြည်က ခုလိုပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိနိုင်ငံပိုင်သတင်းစာတွေရဲ့ သတင်းတင်ပြပုံဟာ အဓိကအချက်ကို ဦးစွာဖေါ်ပြခြင်းမရှိပဲ နိုးဒါန်းပျိုးနေတာတွေ များပြားနေတယ်ဆိုတဲ့ အမြင်နဲ့ ပတ်သက်လို့လည်း အဲဒီကိစ္စဟာ မှန်ကန်ကြောင်း ဒီလိုဖြစ်နေရတာဟာ အချက် ၂ ခုအပေါ် အခြေခံနေကြောင်းလည်း ပြန်ကြားရေးဝန်ကြီးက ပြောဆိုပါတယ်။

RFA နဲ့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org