ဦးအောင်ရွှေဟာ ခေါင်းဆောင်ကောင်းဖြစ်
အမျိုးသားဒီမိုကရေစီအဖွဲွ့ချုပ် ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေလို ခေါင်းဆောင်ကောင်း တစ်ယောက်ရခဲ့လို့လည်း အဖွဲ့ချုပ်ဟာ ရပ်တည်နိုင်ခဲ့တာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
-
2017-08-17 -
-
-
အမျိုးသားဒီမိုကရေစီအဖွဲွ့ချုပ် ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေလို ခေါင်းဆောင်ကောင်း တစ်ယောက်ရခဲ့လို့လည်း အဖွဲ့ချုပ်ဟာ ရပ်တည်နိုင်ခဲ့တာဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော ပါတယ်။
ဒီကနေ့ အန်အယ်လ်ဒီ ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေရဲ့ ဈာပနအခမ်းအနားကို ရေဝေးသုဿန်မှာ ပြုလုပ်ရာမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှတ်တရစကား ပြောကြားခဲ့တာ ဖြစ်ပါတယ်။
"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပာာ ဒီလိုခေါင်းဆောင်ကောင်း တစ်ယောက်ရခဲ့တာ အင်မတန်မှ ကံကောင်းပါတယ်။ ဒီလိုခေါင်းဆောင်ကောင်း တစ်ယောက်ရခဲ့လို့ပဲ ကျမတို့ အဖွဲ့ချုပ်ပာာ ရပ်တည်နိုင်တာဖြစ်ပါတယ်"
အန်အယ်လ်ဒီခေါင်းဆောင်တွေ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နှစ်ပေါင်းများစွာအတွင်း ပါတီဆက်လက် ရပ်တည်နိုင်ရေးအတွက် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့တဲ့ ခေါင်းဆောင်အဖြစ် ဦးအောင်ရွှေကို ချီးကျူး ဂုဏ်ပြုကြပါတယ်။
ဦးအောင်ရွှေရဲ့ ဈာပနအခမ်းအနားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဦးဝင်းထိန်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက် တာဇော်မြင့်မောင် အပြင် အန်အယ်လ်ဒီခေါင်းဆောင်တွေ ပါတီဝင်တွေ တက်ရောက်ပြီး နောက်ဆုံးဂါရဝပြု ခဲ့ကြပါတယ်။
အန်အယ်လ်ဒီ ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေဟာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့တဲ့ ဗမာ့လွတ်လပ်ရေး တပ်မတော်၊ ဗမာ့ကာကွယ်ရေးတပ်မတော်နဲ့ ဗမာ့မျိုးချစ်တပ်မတော်တွေမှာ အမှုထမ်းခဲ့သူဖြစ်ပြီး လွတ်လပ်ရေး မော်ကွန်းဝင် ပဌမဆင့်၊ စည်သူဘွဲ့၊ သရေစည်သူဘွဲ့၊ မော်ကွန်းဝင် ပထမဆင့် ရရှိခဲ့သူဖြစ်ပါတယ်။
တပ်မတော်(ကြည်း)မှာ ဗိုလ်ကြီးအဆင့်မှစပြီး တာဝန်ထမ်းဆောင်ခဲ့ရာ တပ်မဟာမှူး၊ ဗိုလ်မှူးချုပ်အဆင့်နဲ့ တိုင်းမှူး အဆင့်အထိ တာဝန်ယူခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ သြစတြေးလျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနဲ့ နယူးဇီလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲတာဝန်ယူခဲ့သလို ပြင်သစ်နဲ့ စပိန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။
ကွယ်လွန်ချိန်မှာ (၁၀၁) နှစ် ရှိပြီဖြစ်ပါတယ်။