ဦးအောင်သိန်းလင်း မဲဆွယ်စည်းရုံးရေး စတင်

လာမယ့်ရွေးကောက်ပွဲ မှာ တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် ကနေ ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးအောင်သိန်းလင်းဟာ မဲဆွယ်စည်းရုံးမှုတွေ စတင်နေပြီဖြစ်ပါတယ်။

တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုး ပါတီက ဦးအောင်သိန်းလင်းဟာ စက်တင်ဘာလ ၁၉ ရက်နေ့က မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်နေစဉ် Photo: Htet Arkar/RF

လာမယ့်ရွေးကောက်ပွဲမှာ တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးအောင်သိန်းလင်းဟာ မဲဆွယ် စည်းရုံးမှုတွေ စတင်နေပြီဖြစ်ပါတယ်။

၂ဝ၁၅ နိုဝင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ၂ဝ၁ဝ ရွေးကောက်ပွဲထက် ယှဉ်ပြိင်မယ့်ပါတီတွေ ပိုများတဲ့အတွက် ပိုမိုဝါယမစိုက်ထုတ်ပြီး စည်းရုံးရမှာဖြစ်တယ်လို့ ဦးအောင်သိန်းလင်းက ပြောပါတယ်။

"အခုလူထုတွေကြည့်ရတာ ဘယ်ပါတီကိုရွေးရမယ်ဆိုတာ သိပ်ပြီးတော့ မဆုံးဖြတ်ရသေးပါဘူး ၊ စောင့်ကြည့်နေတုန်းပဲဆိုတော့ ဘယ်ဟာကအဓိကဖြစ်မလဲဆိုတာ သေချာတော့မပြောနိုင်သေးပါဘူး၊ ပြိုင်တဲ့ ပါတီတွေကလည်း များတာကိုး၊ လူတွေကလည်း ဘယ်ပါတီကိုအားကိုးရမလဲ ဘယ်သူ့ကို ဘယ်လွှတ်တော် ကိုယ်စားလှယ်ကို အားကိုးရမလဲဆိုတာကို စဉ်းစားနေကြတုန်းဖြစ်ပါတယ်၊ ၂ဝ၁ဝ ထက်တော့ ပိုခက်ခက်ခဲခဲ စည်းရုံးရမယ်လို့ ကျနော့်အနေနဲ့မြင်တယ်၊ ပါတီများလာတာဖြစ်တဲ့အတွက် အပြိုင်အဆိုင်တွေများလာတာပေါ့၊ အပြိုင်အဆိုင်များလာတဲ့အခါကျရင်လည်း ပိုကြိုးစားရမှာပေါ့ဗျာ၊   လွှတ်တော်ထဲမှာ အားဖြည့်ဖို့ဟာ တကယ့်ကို လုပ်ရည်ကိုင်ရည်ရှိတဲ့ လုပ်နိုင်ကိုင်နိုင်တဲ့ သတ္တိရှိတဲ့ကိုယ်စားလှယ်ကို ရွေးရမှာဖြစ်ပါတယ်၊ ကိုယ်စား လှယ်ကောင်းမှ တိုင်းပြည်ကောင်းမယ်လို့ ကျနော်ကတော့မြင်ပါတယ်"

ဦးအောင်သိန်းလင်းနဲ့အတူ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အတွက် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ် အမှတ်၂ ကနေ ပါဝင်ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဖြစ်သူ ဦးမျိုးမြင့်အောင်လည်း ပါဝင်မဲဆွယ်စည်းရုံး ခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ တောင်ဥက္ကလာပမြို့နယ် အမှတ် ၁၂၊ ၁၃ နဲ့ ၁၄ ရပ်ကွက်တွေကလူထုကို လိုက်လံနှုတ် ဆက် စည်းရုံးခဲ့ကြတာဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မရွှေရည်မဉ္ဇူ ကစုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org