NLD ပါတီ ၇၄ ရာခိုင်နှုန်းနိုင်နေပြီ လို့ ရွေးကောက်ပွဲကော်မရှင်ပြော

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဟာ ရွေးကောက်ပွဲမှာ ၇၄% အထိနိုင်နေ ပြီ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။

နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သတင်းမီဒီယာ စင်တာမှာ နိုဝင်ဘာလ ၁၃ ရက်နေ့က ကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်ကို တွေ့ရစဉ် Photo: Win Naung Toe/ RFA

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲမှာ ၇၄% အထိနိုင်နေပြီ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သတင်းမီဒီယာ စင်တာမှာ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပါတီတွေရဲ့နိုင်နေတဲ့ ရာခိုင်နှုန်း ကို ပြောကြားလိုက်တာဖြစ်ပါတယ်။

"ပြည်သူ့လွှတ်တော်မှာဆိုရင် ကျနော်တို့ ၃၃ဝ နေရာရှိပါတယ်၊ ၂၉၈ နေရာ အတွက်ကြေငြာပြီးဖြစ်ပါတယ်၊ ၂၅ နေရာအတွက်သာကြေညာရန်ကျန် ရှိပါတယ်၊ တိုင်းဒေသကြီး ပြည်နယ်အလိုက် ထုတ်ပြန်သည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေကို ကိန်းဂဏန်းနဲ့ ပြသထားတဲ့ ဇယားဖြစ်ပါတယ်၊ ပါတီအလိုက်ရရှိတဲ့ လွှတ်တော် ကိုယ်စားလှယ်ဦးရေကို ရာခိုင်နှုန်းနဲ့ တွက်ချက်ပြီးတော့မှ ဖော်ပြပေးထားပါတယ်၊ အနီရောင်ကတော့ NLD ပါတီဖြစ်ပြီး၊ ၇၄ ရာခိုင်နှုန်းရရှိပါတယ်၊ အစိမ်းရောင်ကတော့ USDP ပါတီဖြစ်ပြီး ၈ ရာခိုင်နှုန်းရရှိပါတယ်၊ အဝါရောင်ကတော့ SNLD ပါတီဖြစ်ပြီးတော့ ၄ ရာခိုင်နှုန်းရရှိပါတယ်၊ အခြားပါတီတွေ ကတော့ ၆ ရာခိုင်နှုန်း ရှိပါတယ်၊ ကြေငြာရန် ကျန်ရှိတာကတော့ ၈ ရာခိုင်နှုန်း ပဲဖြစ်ပါတယ်"

ဒီကနေ့ ညနေ ၆နာရီအထိ ထွက်ပေါ်လာတဲ့ ရလဒ်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပြည်သူ့လွှတ်တော်မှာ ၃၃၀ ရှိတဲ့နေရာအတွက် ၂၃၈ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၁၆၈ နေရာရှိရာမှာ ၁၂၆ နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အတွက် ၆၄၄ နေရာရှိရာမှာ ၄၅၀ နေရာ အနိုင်ရနေတာဖြစ်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်အတွက် ၂၈ နေရာ ၊ အမျိုးသားလွှတ်တော်အတွက် ၁၂ နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အတွက် ၆၉ နေရာ ရရှိနေတာ ဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နေ့စဉ် ၅ ကြိမ် အနိုင်ရကိုယ်စားလှယ် စာရင်းကို ကြေညာပေးနေတာဖြစ် ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org