SNLD ပါတီရဲ့တိုင်ကြားမှုကို ကော်မရှင်ကပယ်ချ
၂၀၁၈ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အင်န်အယ်လ်ဒီပါတီက မန္တလေး တိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်အပေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ကန့်ကွက်ခဲ့ပေမယ့် ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့ပါတယ်။
-
2019-06-13 -
-
-
၂၀၁၈ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အင်န်အယ်လ်ဒီပါတီက မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်အပေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ကန့်ကွက်ခဲ့ပေမယ့် ရွေးကောက်ပွဲကော်မရှင်က ပယ်ချခဲ့ပါတယ်။
အင်န်အယ်လ်ဒီ ပါတီကိုယ်စားလှယ် ဦးစိုင်းပန်းဆိုင်ကို ရွေးကောက်ပွဲ ငွေစာရင်းအပါအဝင် အမှု ၄ ခုနဲ့ SNLD ပါတီက တိုင်ကြားခဲ့တာပါ။
ရွေးကောက်ပွဲငွေစာရင်းမှာ ဝန်းရံသူတွေရဲ့ ငွေကြေးကို ထည့်မထားတာ၊ ဗမာတိုင်းရင်းသား နှစ်ဦး မဲထည့်တာ၊ စည်းရုံးရေးကာလပြီးတဲ့အထိ မဲဆွယ်တာ၊ မဲရုံးမှူးတွေက ဆန္ဒပြုခန်းအထိ လိုက်လံပြောဆိုတယ်ဆိုပြီး တိုင်ကြားခဲ့တာဖြစ်ပါတယ်။
တိုင်းကြားခဲ့တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကာယကံရှင် ဒေါ်နန်းထွေးမှုံ ကတော့ အမှုကို ၁၅ ရက်အတွင်း အယူခံဝင်သွားမယ်လို့လည်း ပြောပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။