အုပ်ချုပ်ရေးမှာ နိုင်ငံရေးပါတီနဲ့ပါတီဝင်တွေ ဝင်မစွက်ဖို့ ကော်မရှင်သတိပေး
နိုင်ငံရေးပါတီတွေအနေနဲ့ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေး ယန္တရားတွေမှာ တာဝန်မရှိဘဲ အုပ်ချုပ်ရေး အဖွဲ့ကဲ့ သို့ ကျော်လွန်လုပ်ဆောင်တာတွေ ရှိနေကြောင်းနဲ့ အဲဒီလိုပြုမူဆောင်ရွက်မှုတွေ မလုပ်ကြဖို့ ပြည်ထောင် စုရွေးကောက် ပွဲ ကော်မရှင်က ဇူလိုင်လ ၁၃ ရက်နေ့စွဲနဲ့ သတိပေးစာ ထုတ်ပြန်လိုက်ပါတယ်။
-
2016-07-17 -
-
-
နိုင်ငံရေးပါတီတွေအနေနဲ့ အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲရေး ယန္တရားတွေမှာ တာဝန်မရှိဘဲ အုပ်ချုပ်ရေး အဖွဲ့ကဲ့ သို့ ကျော်လွန်လုပ်ဆောင်တာတွေ ရှိနေကြောင်းနဲ့ အဲဒီလိုပြုမူဆောင်ရွက်မှုတွေ မလုပ်ကြဖို့ ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင်လ ၁၃ ရက်နေ့စွဲနဲ့ သတိပေးစာ ထုတ်ပြန် လိုက်ပါတယ်။
ထုတ်ပြန်ချက်မှာ နိုင်ငံရေး ပါတီတွေ အနေနဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ကဏ္ဍတွေကို ဥပဒေနဲ့ အညီ ဆောင်ရွက်နိုင်ကြောင်း၊ လက်ရှိမှာ တချို့ နိုင်ငံရေးပါတီတွေဟာ ဥပဒေနဲ့အညီ တာဝန်အရ မဟုတ်ဘဲ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့လို အုပ်ချုပ်ရေးပိုင်းမှာ ဝင်ရောက်ဆောင်ရွက်တာ ကျော်လွန် လုပ်ဆောင်နေ တာတွေ ရှိနေပြီး အဲဒီ လုပ်ရပ်တွေဟာ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေနိုင်ကြောင်း ၊ ပြည်သူတွေအနေဲ့လည်း အထင်လွဲမှားစေနိုင်ကြောင်း ဖော်ပြထားပါတယ်။
နိုင်ငံရေးပါတီတွေနဲ့ ပါတီဝင် တစ်ယောက်ချင်းစီအနေနဲ့ အုပ်ချုပ်ရေးပိုင်းမှာ ဝင်ရောက်စွက်ဖက် မှုမရှိအောင် ကြပ်မတ်ပေးဖို့ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေထံ ဖြန့်ဝေထားတာဖြစ်ပါတယ်။