NLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးထင်လင်းဦးကို တရားစွဲဆို

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးထင်လင်းဦးကို စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် သာသနာရေးဦးစီးဌာနက သာသနာညှိုးနွမ်းစေမှုနဲ့ ချောင်းဦး မြို့နယ် တရားရုံးမှာ ဒီနေ့ တရားစွဲလိုက်ပါတယ်။

စာရေးဆရာ ထင်လင်းဦးပုံ Photo:Htin Lwin Oo

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေး အဖွဲ့ဝင် ဦးထင်လင်းဦးကို စစ်ကိုင်းတိုင်းဒေသကြီး ၊ ချောင်းဦးမြို့နယ် သာသနာရေးဦးစီးဌာနက သာသနာ ညှိုးနွမ်းစေမှုနဲ့ ချောင်းဦးမြို့နယ်တရားရုံးမှာ ဒီနေ့ တရားစွဲလိုက်ပါတယ်။

မြို့နယ်သံဃမဟာနာယကအဖွဲ့ရဲ့ တာဝန်ပေးချက်အရ စာရေးဆရာ ထင်လင်းဦးကို ပုဒ်မ ၂၉၅(က) သာသနာ ညှိုးနွမ်းစေမှုနဲ့ တရားစွဲတာဖြစ်တယ်လို့ ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးမှူး ဦးထွန်းခိုင်က ပြောပါတယ်။

"မြို့နယ်သံဃနာယကအဖွဲ့ရယ်၊ မြို့နယ်စီမံခန့်ခွဲ မှုကော်မတီအဖွဲ့က ကျနော့်ကို တာဝန်ပေးချက်အရ ကျနော်စွဲတာပေါ့၊ ဒီမှာကျတော့ သာသနာရေးမှူးက မရှိဘူးဆိုတော့ ကျနော်တို့ လဝကကပဲ သာသနာရေး မှူးအဖြစ် ကိုင်ရတာပေါ့နော်၊ အဲ့ဒါကြောင့် ကျနော်တို့ စွဲရတာဖြစ်ပါတယ်၊ ချောင်းဦးမြို့နယ် တရားရုံး မှာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅(က) အရ အရေးယူရန် တိုင်ကြားတာပေါ့နော်"

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် သုံးပန်လှစံပြကျေးရွာမှာ NLD ပါတီက ကြီးမှူးကျင်းပခဲ့တဲ့ စာပေဟောပြောပွဲမှာ စာရေးဆရာ ထင်လင်းဦးက ဘာသာ၊ သာသနာ၊ လူမျိုးရေးနဲ့ အယူဝါဒပိုင်းဆိုင်ရာကိစ္စရပ်တွေကို ထည့်သွင်းဟောပြောခဲ့တာဖြစ်ပါတယ်။

အဲဒီဟောပြောချက်တွေနဲ့ ပတ်သက်ပြီး ဘာသာ၊ သာသနာ ညှိုးနွမ်းအောင်ပြောဆိုတယ်ဆိုပြီး အခုလိုတရားစွဲတာဖြစ်ပါတယ်။

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ မဘသညွှန်ကြားချက်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဝံသာနုရက္ခိတအသင်းကလည်း စာရေးဆရာထင်လင်းဦးကို တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။

စာရေးဆရာထင်လင်းဦးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးဖြစ်ပေမယ့် သူ့ရဲ့ဟောပြောချက်တွေဟာ ပါတီသဘောထားမဟုတ်ကြောင်း အန်အယ်လ်ဒီဗဟိုဌာနချုပ်က ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၈ ရက်နေ့က ကြေညာချက်ထုတ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org