ယူကေနိုင်ငံက Chevening ပညာသင်ဆု လျှောက်ထားနိုင်

ဗြိတိန်အစိုးရက ချီးမြှင့်တဲ့ Chevening ပညာတော်သင်ဆုကို ဩဂုတ် ၆ ရက် မြန်မာစံတော်ချိန် ညနေ ငါးနာရီခွဲကနေ စတင်လျှောက်ထားနိုင်ပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ ဦးထွန်းလင်းခြံလမ်းတွင် သွားလာနေကြသူ လူငယ်အချို့အား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့က တွေ့ရစဉ်။

ဗြိတိန်အစိုးရက ချီးမြှင့်တဲ့ Chevening ပညာတော်သင်ဆုကို ဩဂုတ်လ ၆ ရက် ဒီနေ့ မြန်မာစံတော်ချိန် ညနေ ငါးနာရီခွဲကနေ စတင်လျှောက်ထားနိုင်ပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ထုတ်ပြန်ပါတယ်။

လာမဲ့ နိုဝင်ဘာ ၅ ရက်နေ့အထိ နောက်ဆုံးထား လျှောက်ထားနိုင်မဲ့ ဒီပညာသင်ဆုအတွက် မြန်မာနိုင်ငံက ကျောင်းသား၊ ကျောင်းသူ ၁၄ ဦးကို ရွေးချယ်ပြီး ယူကေ တက္ကသိုလ်တွေမှာ မဟာဘွဲ့တွေကို တစ်နှစ်တာ သင်ကြားပေးမှာ ဖြစ်ပါတယ်။

ဒီပညာသင်ဆုအတွက် ရွေးချယ်ခံရသူတွေဟာ ယူကေ တက္ကသိုလ်ပေါင်း ၁၅၀ ကျော်မှာ အကျုံးဝင်တဲ့ ဘယ်လို မဟာဘွဲ့ကိုမဆို တက်ရောက်လေ့လာနိုင်တယ်လို့ ဆိုပါတယ်။

ဒီ့အပြင် ကျောင်းလခ၊ အသွားအပြန်ခရီးစရိတ်၊ ဗီဇာလျှောက်မှုနဲ့ နေထိုင်မှုကုန်ကျစရိတ်တွေကိုလည်း လစဉ်ထောက်ပံ့ကြေးပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

ရန်ကုန်မြို့အခြေစိုက် ဗြိတိန်သံရုံးအကြီးအကဲ Ken O’Flaherty က ယူကေမှာ ပညာသင်ယူဖို့ စိတ်ဝင်စားတဲ့သူတိုင်း ဒီပညာသင်ဆုကို လျှောက်ဖြစ်အောင်လျှောက်ထားဖို့ ထုတ်ပြန်ချက်ထဲမှာ တိုက်တွန်းထားပါတယ်။

Chevening ပညာတော်သင်ဆုကို မြန်မာနိုင်ငံမှာ နှစ်စဉ် ပျမ်းမျှ ၁၄ ဦးကို ပေးလေ့ရှိပြီး မြန်မာနိုင်ငံက ဒီပညာတော်သင်ဆုကို ရရှိခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူပေါင်း နှစ်ရာကျော် ရှိနေပြီလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org