ကန် သမ္မတသစ် မြန်မာအတွက် အကျိုးရှိနိုင်တယ်လို့ ကုန်သည်ကြီး များအသင်းက ပြောဆို


2016.11.10
mr-donald-trump-620 အမေရိကန်နိုင်ငံရဲ့ ၄၅ ယောက်မြောက် သမ္မတအဖြစ် ရွေးချယ်ခံရတဲ့ Donald Trump ကို တွေ့ရစဉ်
Photo: Donald J. Trump USA's President

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်အခြစိုက် မြန်မာ အမေရိကန်  ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးထွန်းတင်က အမေရိကန် ရွေးကောက်ပွဲမှာ သမ္မတအဖြစ် အခုလို ဒေါ်နယ်လ် ထရမ့် ရွေးချယ်ခံခဲ့ရတာ ကို မြန်မာပြည်ရဲ့စီးပွားရေးတိုးတက်ဖို့အတွက်  မိမိတို့ အသုံးချနိုင်ရန် အရေးကြီးကြောင်း RFA ကိုပြောပါတယ်။

“သူ့ရဲ့ ဦးစားပေးတိုင်းပြည်စာရင်းမှာ အိန္ဒိယတို့ ရုရှားတို့ပါဝင်ပါတယ်။ တရုတ်ကို သူက သိပ်ပြီး ဦးစားမပေးဘူးခင်ဗျ။ ဆိုတော့ အဲဒီအချိန်မှာ ကျနော်တု့ိတိုင်းပြည်အတွက် စီးပွားရေးဝင်ပြီးလုပ် ဖို့ ကောင်း ပါတယ်။ လာမယ့်လေးနှစ်လုံးလုံး ကျနော်တို့ သူနဲ့ အများကြီးအလုပ်လုပ်နိုင်ပါတယ် ၊ မြန်မာကုန်သည်တွေအတွက် အမေရိကန်ပြည်ထောင်စုက စီးပွားရေးလုပ်လို့ အရမ်းကောင်းပါတယ်။   ကမ္ဘာတဝှမ်းကနေပြီးတော့ အမေရိကနဲ့ စီးပွားရေးလုပ်နေပါတယ်။ တရုတ်တို့၊ ယိုးဒယားတို့၊ မလေးရှားတု့ိ၊ ဗီယက်နမ် တို့၊ အဲဒါတွေအားလုံးက ပွဲစားတိုင်းပြည်တွေပါ၊ တကယ်ဝယ်သူ Buyer က အမေရိကဖြစ်ပါတယ်”

ဒီအတောအတွင်းမှာပဲ တရုတ်အစိုးရ ဒုတိယ ဘဏ္ဏာရေးဝန်ကြီး Shi Yaobin ရှီ ယောင်းဘင်က အမေရိကန် သမ္မတဖြစ်လာမယ့် ထရမ့်အနေနဲ့ ကာလရှည်ကြာ တည်ရှိခဲ့တဲ့ တရုတ်နဲ့ အမေရိကန် ၂ နိုင်ငံအကြား အပြန်အလှန် စီးပါွးရေးအကျိုးဖြစ်ထွန်းမှုတွေကို အလေးအနက်ထား အသိအမှတ်ပြုသင့်ကြောင်း ဒီကနေ့ ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။ ထရမ့်က တရုတ်ပြည်က ပို့ကုန်တွေအပေါ် အခွန်တိုးမြှင့်ကောက်ခံ မှာဖြစ်ကြောင်းနဲ့ တရုတ်ပြည်ဟာ အမေရိကန်ပြည်ထောင်စုအပေါ် ဘဏ္ဏာရေးအရ အမြတ်ထုတ်နေကြောင်း မဲဆွယ်စဉ်ကာလမှာ ပြောကြားခဲ့ဖူးပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။